နေပြည်တော်၊ မေ ၆ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၉,၀၉၅ ဒသမ ၂၆၁ သန်း ခွဲေ၀ သုံးစွဲခဲ့ခြင်းအား ပြည်ထောင်စု...
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့(မေ ၆ ရက်)နှင့် မနက်ဖြန်(မေ ၇ ရက်)တို့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ မေ (၃) ရက်သည် (၂၆) ကြိမ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပြီး အဆိုပါ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား အား ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြို့တော် ခန်းမတွင် ကျင်းပခဲ့သည်။
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လူကုန်ကူးမှုပေါင်း ၁၅ မှု ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်စန်မြို့နယ်တွင် ငွေကျပ် သိန်း ပေါင်း ၆,၆၆၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငွေကျပ်သိန်းပေါင်း ၅,၆၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရက အလုပ်သမားများ၏ ဘ၀ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် မြင့်မားရေး အတွက် အရေးကြီးသော မူဝါဒ ဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ အလေးပေး ဆောင်ရွက် နေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့်...
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည့် ရက်အား ထပ်မံ တိုးမြှင့်လိုက်ကြောင်း ယနေ့ဧပြီ ၃၀ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ငွေကျပ် ၂,၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ ဧပြီ ၂၉ရက် နံနက်ပိုင်းတွင် ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...