ရန်ကုန် ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၃,၀၀၀ ကျော်ကို ယနေ့(ဧပြီလ ၁၇ရက်) နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် လားရှိုးမြို့နယ်၌ သင်္ကြန်အကြိုနေ့( ဧပြီလ ၁၃ ရက်)က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘိန်းဖြူ ၂၂ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဧပြီလ ၆...
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင်တွင် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၃ လကြာ ငါးမဖမ်းရ ရာသီသတ်မှတ်ထားကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မတ် ၃၀ ရက်တွင် ပြောသည်။...
နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ) (၇၈)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်း၌ ယနေ့(မတ် ၂၇ ရက်)နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်သမ္မတ Xiomara Castroက တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်လိုကြောင်း ပြောကြားခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မတ် ၁၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူကို အခြေခံ၍ တရုတ်နိုင်ငံနှင့်...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ကုန်းစံကျေးရွာအနီးတွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က မတ်(၁)ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄.၁ သိန်း ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC Myanmar ) ၏ ဖေဖော်ဝါရီ ၂၇...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) များကို စနစ်သစ်ဖြင့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကုန်ခန့်တွင် ပြန်လည်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှ အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။ ” ဒီ ၂၄ရက်မှာ ကျွန်တော်တို့ website ကနေ online Booking စနစ်သစ်နဲ့ ပြန်လျှောက်ထားနိုင်ပြီ၊...