ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) စားအုန်းဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ပဲပုပ်ဆီ များအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (မူကြမ်း) တွင် ထည့်သွင်းကောက်ခံသင့်သည့် အခွန်နှုန်းထားများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာကြောင်း မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ တပ်ကုန်းမြို့နယ် ပျော်ရွာကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျည် ၈၂ တောင့်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအား အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်၍ စိစစ်ပြီးဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်အား တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်သူတို့ထံအချိန်မီကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၁၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စီးပွားရေးနှင့် လူမှုရေးဖွံ့ ဖြိုးတိုးတက်ပြီး ဒေသခံပြည်သူများ ပိုမိုအကျိုးခံစားခွင့် ရရှိနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၈ ခု ဆောင်ရွက် ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး များကို ဆွေးနွေးကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ စတင်လက်ခံသည့်နေ့ ဇန်နဝါရီ ၂၃ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထိ စုစုပေါင်း ရက်ပေါင်း ၂၀ကျော်ကြာထိ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ရန်ကုန်သို့ သွားရောက်မည့် လိုင်စင်မဲ့ယာဉ်နှစ်စီးအား ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၉ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။