Connect with us

Politics, Law & Military

အုတ်သယ်ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိ

ကန့်ဘလူမြို့တွင် တိမ်းမှောက်ခဲ့သော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ကန့်ဘလူမြို့နယ် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ မေ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၃၀မိနစ်တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အုတ်သယ်ယာဉ်သည် အလုပ်သမား ၁၀ ဦးနှင့် အုတ်အလုံး ၅၀၀၀ ခန့်တင်ဆောင်ပြီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ လဲကျ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယင်းတိမ်းမှောက်မှုကြောင့် အမျိုးသမီး ၂ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်း(စုံစမ်းဆဲ)အား ကန့်ဘလူမြို့မရဲစခန်း ယာဉ်(ပ)၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.