ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပသော နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို ့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်၌ ကျင်းပခဲ့ပြီး နှစ်...
နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ် သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေး ကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း အနှစ် (၇၀) ပြည့် လွတ်လပ်ရေး နေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ဆိုင်ရာ ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များမှ ဒေသတွင်း နေရပ်စွန့်ခွာထွက်ပြေးသူများစခန်း (IDP) ကိစ္စရပ်များနှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ဆွေးနွေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှု ၂၂၅မှုဖြစ်ပွားပြီး တရားခံ ၆၄၈ဦး ဖမ်းဆီးအရေး ယူနိုင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) သက်ပြည့်အငြိမ်းစားယူသွားသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၏ နေရာတွင် လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ကာကွယ်ရေးဦးစီးချုပ်(လေ)အဖြစ် ယနေ့ ဇန်နဝါရီ ၂ ရက်၌ ခန့်အပ် တာဝန်ပေးအပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ခုနှစ် တစ်နှစ်အတွင်း အမှုပေါင်း ၅၂,၅၂၄မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) (၁)၂၀၁၇ ခုနှစ်၏ ငြိမ်းချမ်းရေးမှတ်တိုင်များ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကျင်းပခဲ့စဉ် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော အစိုးရအဖွဲ့သည် အစိုးရတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေး အခန်းကဏ္ဍကို အရှိန်အဟုန် မြှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေပူနှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က တရားမဝင်အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော ကျပ် ၁၆သန်းကျော် တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်း များအား ဖမ်းဆီးအရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၁၀၀တန် အထူးထုတ် တံဆိပ်ခေါင်း သုံးမျိုးရောင်းချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ပုဂ္ဂလိက လုပ်ငန်းများရှိ အလုပ်သမားများအတွက် အခြေံခံ အခကြေးငွေအဖြစ် တစ်ရက် (အလုပ်ချိန် ရှစ်နာရီ)လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် နေပြည်တော် အလုပ်သမား ဝန်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်သော “အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏...