Connect with us

Politics, Law & Military

အကျိုးရှိ ထိရောက်သော စီမံကိန်းများ Project Data Bank တွင် ထည့်ဖို့လိုအပ်

အမျိုးသား ညွှန်းကိန်း မူဘောင် ဖွံ့ ဖြိုးရေး ဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆက်အောင် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP:_ Myanmar Sustainable Development Plan) အေင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် စောင့်ကြည့် အကဲဖြတ်နိုင်မည့် အမျိုးသား ညွှန်းကိန်း မူဘောင်များမှ ရရှိလာသည့် ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်သော စီမံကိန်းများကို Project Data Bank တွင် ပွင့်လင်းမြင်သာစွာ ထည့်သွင်းဖို့ လိုအပ် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က လမ်းညွှန် ပြောကြား ခဲ့သည်။

“ပြည်သူတွေအတွက် အကျိုး ရှိ ထိရောက်မယ့် အစိုးရရဲ့ သီးစားပေး စီမံကိန်းတွေကို Data Bank ထဲ ထည့်ပြီး ပွင့်လင်းမြင်သာ ချပြရပါမယ်၊ ဘယ်လို စီမံကိန်းက နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်ပြီး ဘယ် စီမံကိန်းက ADB ချေးငွေနဲ့ လုပ်မလဲ၊ ဘယ်ဟာကိုတော့ private sector နဲ့ ပူးပေါင်း ဆောင်ရွက်မှာ လဲဆိုတာတွေကို သိရှိနိုင်မှာဖြစ်လို့ Private Sector ဘက်က ခန့်မှန်းရ လွယ်ကူစေမှာ ဖြစ်ပါတယ်၊ ပြည်တွင်း ပြည်ပက private sector တွေ၊ အရင်းအနှီးတွေ ပါဝင်လာစေဖို့ နှိုးဆွနိုင်မှာလည်း ဖြစ်ပါတယ်” ဟု နေပြည်တော် Park Royal hotel တွင် ယနေ့ကျင်းပသည့် MSDP စောင့်ကြည့် အကဲဖြတ်နိုင်ရေး NIF(National Indicator Framework) အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား၌ ၎င်းက ပြောခဲ့သည်။

ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

UNDP Deputy Country Director Ms. Dawn Del Rio အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

MSDP စောင့်ကြည့် အကဲဖြတ်နိုင်ရေး NIF အစည်းအဝေး ကျင်းပ (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

မှန်ကန်သော အချက်အလက်များ ရရှိရေးနှင့် ပတ်သက်ပြီး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က “International Standard Classification အရ ကျွန်မတို့စာရင်းရေးသွင်း တဲ့အခါ code အသုံးပြုတဲ့ Database System ကို စတင် ဆောင်ရွက်နေပါပြီ၊ ဒါပေမယ့် တချို့ စီးပွားရေး လုပ်ငန်းတွေက မှတ်ပုံသာ တင်ထားပြီး တကယ်တော့ မြေပြင်မှာ မရှိဘူး၊ စစ်တမ်းကောက် တဲ့အခါ တွေ့ရတယ်၊ ဘယ်မှာမှ မှတ်ပုံတင်မထားတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း မြေပြင်မှာ ရှိနေ တယ်၊ ဒါကြောင့် သက်ဆိုင်ရာနယ်မြေတွေက ဌာနတွေနဲ့ ဒါလေးကို စိစစ်ဖို့ လိုအပ်လာတယ်၊ ဒါကို ရှေ့လျှောက် ပြည်တွင်း အခွန်ဦးစီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါ့မယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

ထို့အပြင် ၎င်းက မြန်မာနိုင်ငံ၌ အလတ်စား အသေးစား စီးပွားရေး လုပ်ငန်းများသာမက MSME ခေါ် micro SME များလည်း ရှိနေပြီး လုပ်ငန်းမှတ်ပုံတင်ထားခြင်း မရှိကြောင်း၊ MSME များ၏ စာရင်းမှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ၌သာ ရှိကြောင်း၊ သို့ဖြင့် Data အမှန်များရရှိစေဖို့ မြို့နယ် များအထိ ဆင်းပြီး အချက်အလက်များ ရယူရကြောင်း၊ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မည့် အချက်အလက် များ ရရှိနိုင်ရန် စာရင်းအင်း ဦးစီးဌာနရှိ ပညာရှင် ၄၅၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံကိန်းတွေအတွက် အနီးကပ်ဆုံး မှန်ကန်သည့် အချက်အလက်များ စုဆောင်းပြီး ကက်ဘိနက် အတည်ပြုချက်ရပြီးသည်နှင့် ပြည်သူသို့ ချပြ အသိပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ သြင်္ကန်မတိုင်မီ လုပ်ငန်းများ ပြီးစီးရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.