Connect with us

Politics, Law & Military

မူဝါဒလုပ်ထုံးလုပ်နည်းနှင့်မညီသော သမဝါယမဆိုင်များကို အသင်း၏နည်းဥပဒေ ပုဒ်မ-၂၅ အရ ဖျက်သိမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးဦးဟံထွန်းပြောကြား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးကျင်းပစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းနှင့် မညီသော ဆိုင်များကို သမဝါယမအသင်း နည်းဥပဒေ ပုဒ်မ-၂၅ အရ ညွှန်ကြားရေးမှူးချုပ်သည် အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၏ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းနှင့်မညီသော ဆိုင်များကို မည်သိ့ု ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းချက်ကို ဝန်ကြီးဦးဟံထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ကိုကျင်းပစဉ် ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

“သမဝါယမအသင်းများရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ အသင်းကို သမဝါယမအသင်းဥပဒေအရ သတ်မှတ်တဲ့ အသင်းသား (သို့မဟုတ်) အသင်းရဲ့ဦးရေ မပြည့်ခြင်း၊ အဆိုပါဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲဥပဒေများနဲ့အညီ စီးပွားရေးလုပ်ငန်းများကို မလုပ်ကိုင်ခြင်း၊ မတည်ငွေမပြည့်စုံခြင်း၊ ပေးဆပ်ရန်ရှိသော ကြွေးမြီများကို ပေးဆပ်နိုင်ရန် အခြေအနေမရှိခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်း ဖျက်သိမ်းပေးရန် တောင်းဆိုပေးခြင်း၊ အခြားလုံလောက်တဲ့ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ခြင်းတို့ကို သမဝါယမအသင်း နည်းဥပဒေအရ ညွှန်ကြားရေးမှူးချုပ်က သမဝါယမအသင်းနည်းဥပဒေ ပုဒ်မ-၂၅ ပါအရ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ သမဝါယမအသင်းကို စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ပါတယ်။”ဟု ဝန်ကြီးက ပြောသည်။

ဆက်လက်ပြီး သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ၎င်းလုပ်ငန်းများမှ လစဉ်ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေရရှိမှုများကို သိရှိလိုပါကြောင်းကို မေးမြန်းရာ ဝန်ကြီးက “လုပ်ငန်းများဆောင်ရွက်ရာမှာ အသင်းက ပိုင်ဆိုင်တဲ့မြေနဲ့ အဆောက်အဦအခန်းတွေကို ငှားရမ်းခြင်းနဲ့ အကျိုးတူဆောင်ရွက်ခြင်းစတာတွေကို ရွေးချယ်ထားတဲ့ အမှုဆောင်ဒါရိုက်တာအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ ကာလသတ်မှတ်၍ ခိုင်မာတဲ့ စာချုပ်များချုပ်ဆိုငှားရမ်းပြီး အသင်းဝင်ငွေရအောင် ဆောင်ရွက်ပါတယ်။ သမဝါယမအသင်းများရဲ့ လုပ်ငန်းများမှ လစဉ်ဝင်ငွေကတော့ ထုတ်လုပ်မှုကဏ္ဍအနေနဲ့ လစဉ် တစ်လဝင်ငွေမှာ ကျပ်သိန်း (၈၇.၈၁၀၇၅)ဖြစ်ပြီး နှစ်စဉ် တစ်နှစ်ဝင်ငွေမှာ ကျပ်သိန်း (၁၀၅၃.၇၂၉၀၀)ဖြစ်ပါတယ်။ ဝန်ဆောင်မှုကဏ္ဍအနေနဲ့ လစဉ်ဝင်ငွေကျပ်သိန်း(၂၀.၁၇၀၄၄)ဖြစ်ပြီး နှစ်စဉ်ဝင်ငွေမှာ ကျပ်သိန်း (၂၄၂.၀၄၅၃၈)၊ ကုန်သွယ်မှုကဏ္ဍအနေနဲ့ လစဉ်ကျပ်ငွေ (၇၃၉.၆၅၅၃၆)၊ နှစ်စဉ်ဝင်ငွေမှာ ကျပ်သိန်း(၈၈၇၅.၈၆၄၃၉)တို့ ဖြစ်ပါတယ်။” ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းတွင် သမဝါယမအသင်း စုစုပေါင်း(၄၆)သင်း ဖွဲ့စည်းထားရှိ၍ အသင်းမှ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ် ပေးလျက်ရှိကြောင်း၊ အသင်းသားများ၏ စီးပွားရေးလုပ်ငန်းအတွက် အရင်းအနှီးများရရှိစေရန် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းများတွင် အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အမှာလွှာစနစ်ဖြင့် ရောင်းချပေးခြင်းနှင့် သမဝါယမအသင်း အဆင့်ဆင့်တွင် အစုရှယ်ယာထည့်ဝင်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း၊ နှစ်ချုပ်စာရင်းအရ အသင်း၏ အသားတင်အမြတ်သိန်း(၂၀)ကျော်ပါက သတ်မှတ်ထားသော နိုင်ငံတော် အခွန်ဥပဒေအရ တွက်ချက်၍ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များကို ထမ်းဆောင်ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.