Politics, Law & Military
UEHRD ကော်မတီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ခန့်အပ်

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၊ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များအား ကူညီပေးနိုင်ရေးအတွက် ဦးတိုးအောင်အား ကော်မတီဥက္ကဌ၏ အကြံပေး ပုဂ္ဂိုလ်အဖြစ်ခန့်အပ်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဖွဲ့စည်းထားသည်။(Xinhua)