Connect with us

Science & Technology

မကွေးတိုင်းအတွင်း ပေနက် ရေနံအစမ်းတွင်းသစ် တူးမည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၏ အနောက်မြောက်ဘက် ငါးမိုင်အကွာရှိ မင်းသားကျ ကျေးရွာ အနီးတွင် ပေနက် ရေနံ အစမ်းတွင်းတစ်ခုကို ယခုလ ၂၆ ရက်နေ့တွင် တူးဖော်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ယနေ့နေ့လယ့်ပိုင်း ပြုလုပ်ခဲ့သော ပုံမှန် သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ မြိုင် ပေနက် ရေနံ အစမ်းတွင်း အမှတ်(၁)အား တွင်းတူးစက် ZJ 70 L SR – 1 ဖြင့် ခန့်မှန်း တူးဖော်ရက် ၁၄၀ ရက်အတွင်း အနက်ပေ ၈၅၀၀ တူးဖော်မည်ဖြစ်ပြီး Supra Thrust Lower Pondaung, Tabyin ကျောက်စဉ်စု၏ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ အလားအလာကို တူးဖော် စမ်းသပ် သွားမည် ဖြစ်ကြောင်း၊ အောင်မြင်စွာ တူးဖော်ပြီးပါက တစ်ရက်လျှင် သဘာ၀ ဓာတ်ငွေ့ ကုဗပေ သုံးသန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းတွင်းမှ ပေ နှစ်ထောင်ခန့်စီ ခြား၍ Appraisal Well နှင့် Development Well များ ၁၁ တွင်းခန့် ဆက်လက် တူးဖော်ရမည် ဖြစ်ကြောင်း၊ ရရှိထားသော ဘူမိဗေဒ ကွန်တိုများအရ ရေနံ ဓာတ်ငွေ့ ထွက်ရှိပါက Recoverable Reserves ကုဗပေ ၈၂ ဘီလီယံ (82BCF )ထုတ်ယူနိုင်မည်ဟု ခန့်မှန်းထားပါကြောင်းလည်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ထိုသို့ မြိုင်ဒေသအတွင်း ပေနက် ရေနံအစမ်းတွင်း တူးဖော်နိုင်ရေးတွင် Risk များ လျှော့ချနိုင်ရေး အတွက် ဘူမိရူပဗေဒ seismic တိုင်းတာခြင်း လုပ်ငန်း၊ မြေပေါ် ဘူမိဗေဒ ကွင်းဆင်းခြင်း လုပ်ငန်း များကို ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး Secsmic မှ Prospect Map များ ထုတ် လုပ်နိုင်ခြင်း၊ မြေပေါ် ဘူမိဗေဒ အဖွဲ့က ပြတ်ရွေ့ တည်ရှိမှုအား အတည်ပြုပေးနိုင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.