Connect with us

Science & Technology

မြောင်းမြတံတားသစ်ပေါ်၌ ဧပြီလတွင် ယာဉ်များဖြတ်သန်းသွားလာနိုင်မည်

မြောင်းမြတံတားတည်ဆောက်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် တည်ဆောက်နေသော မြောင်းမြတံတားအသစ် တည်ဆောက်မှု လုပ်ငန်းသည် ၈၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်၍ ဧပြီလဆန်းပိုင်းမှ စတင်၍ ယာဉ်များ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ မြောင်းမြတံတားအသစ်သည် လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းပေါ်၌ တည်ရှိ ကာ ပင်မတံတားအပိုင်းအား Steel Truss Deck Type အမျိုးအစားဖြင့် တည်ဆောက်ထားကြောင်း၊ တံတား၏အရှည်သည် ၈၃၀ မီတာဖြစ်ပြီး တံတားအကျယ်မှာ ၃၄ ပေ ရှိကာ မြောင်းမြဘက်ကမ်းအခြမ်းရှိ ချဉ်းကပ် တံတားနှင့် ပုသိမ်ဘက်ကမ်းအခြမ်းရှိ ချဉ်းကပ် တံတားအရှည်ကို ၂၇၀ မီတာအရှည်စီ တည်ဆောက် ထားကြောင်း သိရသည်။

ယခင် မြောင်းမြကြိုးတံတားအဟောင်းသည် ခံနိုင်ရည်ကျဆင်းလာသဖြင့် တံတားအသစ်ကို မူလ ကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်းတွင် ၄၆ ပေခွာ၍ ၂၀၁၇ ခုနှစ်မေ ၁ ရက်တွင် စတင် တည်ဆောက်နေစဉ် ၂၀၁၈ ခုနှစ်ဧပြီ ၁ ရက်တွင် မြောင်းမြကြိုးတံတားအဟောင်းသည် မတော်တဆကျိုးကျ ပျက်စီးခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.