Science & Technology
ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများ ရောင်းချမည်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့၌ BRT Liteဘတ်စ်ကား များပြေးဆွဲနေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ (Yangon Bus Public Company) ၏ အစုရှယ်ယာများရောင်းချ မည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သော ရန်ကုန်ဘတ်စ် ကား အများပိုင်ကုမ္ပဏီ (YBPC) ၏ကြေညာ ချက်အရသိရသည်။
ယင်းကဲ့သို့ရောင်းချရာတွင် ရန်ကုန် ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ၏( BRT) အစုရှယ်ယာတစ်စုကို ငွေကျပ်တစ်သိန်း သတ်မှတ်ထားပြီး ဝယ်ယူလိုသူအနေဖြင့် အစုရှယ်ယာတစ်စုမှ ၁ဝဝဝအထိ ဝယ်ယူနိုင်မည်ဖြစ်ကာ အောက်တိုဘာ ၄ ရက်တွင် စတင်ဝယ် ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ၏ စုစုပေါင်းထည့်ဝင်ငွေအရင်းအနှီးမှာ ငွေကျပ် ၂၅ ဘီလီယံဖြစ်ပြီး အစိုးရက ငွေကျပ် ၁ဝ ဘီလီယံနှင့် ပုဂ္ဂလိကက ငွေကျပ် ၁၅ ဘီလီယံ ပါဝင်မည်ဖြစ်ကာ ကုမ္ပဏီ၏အစု ရှယ်ယာ ၄ဝ ရာခိုင်နှုန်းကို အစိုးရကပါဝင် ခြင်းဖြစ်ပြီး ၆ဝ ရာခိုင်နှုန်းကို ပုဂ္ဂလိကက ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရက အစု ၁ဝဝ,ဝဝဝ အတွက် ရင်းနှီးငွေကျပ် ၁ဝ ဘီလီယံ ထည့်ဝင်ထား ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်ခြောက်ဦးက တစ်ဦးချင်း အစု ၅ဝဝဝ စုစီအတွက် ငွေကျပ် ၃ ဘီလီယံ ထည့်ဝင်ပြီးဖြစ်သည်။ အများပြည်သူသို့ အစုရှယ်ယာတစ်စုလျှင် ငွေကျပ် တစ်သိန်းဖြင့် ရောင်းချခဲ့ရာ ရှယ်ယာရှင် ၁၁၁၄ ဦးက အစုရှယ်ယာပေါင်း၂၄,၂၆၄ စု ကို ဝယ်ယူထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။အဆိုပါ အစုရှယ်ယာ ရောင်းချခြင်းကို ဖေဖော်ဝါရီလတွင် ခေတ္တရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့်လအတွင်း ရောင်းချသွားမည့် အစုရှယ်ယာများအတွက် ဘဏ်သို့ငွေပေး သွင်းခြင်းကို အမှတ် (၁၃၁/၁၃၃) ပထမထပ် (ဝဲ) ဗိုလ်တထောင်ဘုရားလမ်း ဗိုလ်တ ထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးရှိ ရုံး၌ One Stop Service ဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)