Connect with us

Science & Technology

မန္တလေးမြို့ ကို သဘာ၀ ဘေးဒဏ် ခံနိုင်သော မြို့ကြီးအဖြစ် ပြောင်းလဲ ထူထောင်နိုင်ရန်စစ်တမ်းကောက်မည်

မန္တလေးမြို့အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းငလျင် ကြောနှင့် နီးကပ်စွာ တည်ရှိနေသည့် မန္တလေးမြို့ ကို သဘာ၀ ဘေးဒဏ် ခံနိုင်သော မြို့ကြီးအဖြစ် ပြောင်းလဲ ထူထောင်နိုင်ရန် အဓိက လိုအပ်သည့် အချက်အလက် များကို စစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ဖောင်ဒေးရှင်း က ပံ့ပိုးထားသည့် သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိပြီး ပြုပြင်ရန် လွယ်သည့် မြို့ပေါင်း ၁ဝဝ ကွန်ရက်၌ ရွေးချယ်ခံခဲ့ ရသည့် မန္တလေးမြို့ အတွက် စီမံကိန်းနှင့် သက်ဆိုင်သော မြို့ပြလုပ်ငန်း ခြောက်ခုအား မြို့နေလူထု ထံမှ စစ်တမ်း ကောက်ယူ သွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက် များကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်တမ်း ကောက်ယူမည့် မြို့ပြလုပ်ငန်း ခြောက်ခုမှာ တန်ဖိုးမျှတ အိမ်ရာများ စီမံထားရှိနိုင်ရေး၊ သယ်ယူ ပို့ဆောင်ရေး နှင့် ယာဉ်ကြော ပိတ်ဆို့မှု၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ် အသိ ပညာပေးခြင်း၊ ရေကြီး နစ်မြုပ်ခြင်းနှင့် ကျူးကျော်အိမ်ရာ ကိစ္စများဖြစ်ပြီး Rockefeller Foundation နှင့် UN-Habitat အဖွဲ့အစည်းတို့က မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိပြီး ပြုပြင်ရန် လွယ်သည့် မြို့ပေါင်း ၁ဝဝ ကွန်ရက်ဝင် (100 Resilient Cities) မြို့များအတွက် စီမံကိန်းတွင် နည်းပညာ အကြံဉာဏ်များ ရယူခြင်း၊ လိုအပ်သည့် အချက်အလက် များ စစ်တမ်း ကောက်ယူခြင်းနှင့် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း ဟူ၍ အပိုင်းသုံးပိုင်း ရှိပြီး မန္တလေးမြို့ အတွက် နည်းပညာ အကြံဉာဏ် ရယူခြင်း အပိုင်းမှာ ပြီးဆုံး၍ အောက်တိုဘာလမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် ခြောက်မြို့နယ် အတွင်း၌ ကွင်းဆင်း ကောက်ယူသွားမည် ဖြစ်သည်။ အဆိုပါ စစ်တမ်းများပြီးစီး သွားပါက ရရှိလာသည့် အချက်အလက် များကို အခြေခံကာ မန္တလေးမြို့အား အကူအညီ ပေးလိုသည့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်း များကို ရွေးချယ် ချိတ်ဆက်၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117