Connect with us

Science & Technology

မိုက်ခရိုဆော့ဖ် အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအရာရှိအဖြစ် စိုင်းဝမ် (Sy Wann) အား ခန့်အပ်

စိုင်းဝမ်အားမီဒီယာများမှ မေးမြန်းစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မိုက်ခရိုဆော့ဖ် (Microsoft) အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအရာရှိအဖြစ် စိုင်းဝမ် (Sy Wann) အား ခန့်အပ်လိုက်ကြောင်း ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မိုက်ခရိုဆော့ဖ် နှင့်အတူ နည်းပညာပြောင်းလဲမှု အခမ်းအနားတွင် Microsoft Asia Pacific ၏ ဈေးကွက်သစ်ဆိုင်ရာ အထွေထွေမန်နေဂျာ Michelle Simmons (မစ်ရှယ်ဆိုင်မွန်) က ပြာကြားခဲ့သည်။

အာရှပစိဖိတ်ဒေသရှိ ဈေးကွက်အား ဆက်လက်ထိုးဖောက်နိုင်ရန်အတွက် မိုက်ခရိုဆော့ဖ် မှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အိုင်တီပညာရှင်တစ်ဦးဖြစ်သည့် စိုင်းဝမ်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အတွက် နည်းပညာပြောင်းလဲမှုအားဆောင်ကြဉ်းပေးနိုင်မည်ဟုယုံကြည်ကြောင်း ဆိုသည်။ “မြန်မာနိုင်ငံအတွက် ကတိကဝတ်တစ်ခုအနေနဲ့ Microsoft က မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်လာမယ့် စိုင်းဝမ်ကို ခန့်အပ်လိုက်တာက မိုက်ခရိုဆော့ဖ်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကို တိုးချဲ့လိုက်ခြင်းဖြစ်ပါတယ်။ စိုင်းဝမ် အနေနဲ့ သူတာဝန်ယူထားရတဲ့ အခန်းကဏ္ဍမှာ မိုက်ခရိုဆော့ဖ်ရဲ့နည်းပညာတွေ၊ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံအတွက် ပံ့ပိုးမှုတွေဆောင်ရွက်ပေးသွားမှာပါ’’ ဟု မစ်ရှယ်ဆိုင်မွန် ကပြောသည်။

မိုက်ခရိုဆော့ဖ် နှင့်အတူ နည်းပညာပြောင်းလဲမှု အခမ်းအနား တွင် အမှတ်တရဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

စိုင်းဝမ်က “ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ် နဲ့ သချာၤဘာသာရပ် ဆိုင်ရာနယ်ပယ်တွေမှာ လူငယ်တွေရဲ့ ပညာရေးကို အထောက်အကူပြုဖို့တွေအပါအဝင် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ဦးစားပေးဆောင်ရွက်မယ့်ဟာတွေဖြစ်တဲ့ စီးပွားရေးဆိုင်ရာဆောင်ရွက်မှုတွေနဲ့ Microsoft Philanthropies တွေပါဝင်ပါတယ်’’ ဟုပြောကြားသည်။
စိုင်းဝမ်သည် မြန်မာနိုင်ငံအစိုးရ နှင့် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများ၊ အရောင်း နှင့်နည်းပညာဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ စသည်တို့အား ပြုလုပ်ပေးသည့် Cisco လုပ်ငန်းအား တည်ထောင်ခဲ့ပြီး ၊ သုံးနှစ်အကြာတွင် မိုက်ခရိုဆော့ဖ် ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကရှိ Travelocity နှင့် Capital One ကဲ့သို့ လုပ်ငန်းများတွင် တာဝန်ယူခဲ့ကာ အချက်အလက်စီမံခန့်ခွဲရေးအား အလေးထား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.