Connect with us

Science & Technology

ရန်ကုန်-မန္တလေး အမြန်ရထားများတွင် တရုတ်နိုင်ငံ၌ ဆောက်လုပ်၍ အသစ် ရောက်ရှိလာသော မီးရထား စက်ခေါင်းနှင့် တွဲသစ်များ ပထမ ဦးစားပေး လမ်းပိုင်းအဖြစ် အစားထိုး ပြေးဆွဲရန် စီစဉ်ဆောင်ရွက်

ရန်ကုန် ဘူတာကြီး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်ရထားများတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ အပြီးအစီး ဆောက်လုပ်၍ အသစ် ရောက်ရှိပြီး ဖြစ်သော စက်ခေါင်းနှင့် တွဲသစ် တွဲဆိုင်း နှစ်ဆိုင်း ဖွဲ့ဆင်မှုများကို ပထမ ဦးစားပေး လမ်းပိုင်းအဖြစ် အစားထိုး ပြေးဆွဲသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက ယနေ့နေပြည်တော်၌ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေဖြင့် လူစီးတွဲ တည်ဆောက်ရေး စက်ရုံ စီမံကိန်းမှ ခရီးသည်များ သက်တောင့် သက်သာ စီးနိုင်သော လေအိပ် ဘိုဂီပါ တွဲသစ် ၃၉ တွဲ၊ စက်ခေါင်း ၁၁ ခေါင်းကို တရုတ်နိုင်ငံ၌ အပြီးအစီး ဆောက်လုပ်၍ မြန်မာ့ မီးရထားတွင် အသုံးပြုရန် စီစဉ်ခဲ့ရာ ယခု နိုဝင်ဘာလဆန်းတွင် တွဲသစ် ၁၈ တွဲနှင့် စက်ခေါင်းသစ် ၃ ခေါင်း ရောက်ရှိပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမြင့်သိန်းက သဲကုန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင် (ကိုယ်စား) ဦးရဲထွဋ်ဦး၏ မေးမြန်းမှုကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ ပြေးဆွဲနေသော ရန်ကုန်-မန္တလေး အမြန်ရထားက ထွက်ရှိလာသည့် တွဲဆိုင်း ၁၈ တွဲအနက် သင့်လျော်သည့် တွဲကောင်း ကိုးတွဲကို ရွေးချယ်၍ ထပ်မံ မွမ်းမံပြင်ဆင်ပြီး အမှတ် (၇၁) အဆန်၊ (၇၂) အစုန် ရန်ကုန်-ပြည် အမြန်ရထားတွင် ယခုနှစ် ဒီဇင်ဘာလအတွင်း၌ အစားထိုး လဲလှယ် အသုံးပြုသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.