Connect with us

Science & Technology

ရန်ကုန်-ပြည် လမ်းပိုင်း၌ ပြေးဆွဲနေသော အမြန်ရထားတွင် တရုတ်နိုင်ငံမှ ထုတ်လုပ် ရောက်ရှိလာသော တွဲဆိုင်းများဖြင့် မတ်လတွင် အစားထိုး လဲလှယ်၍ တိုးချဲ ့ပြေးဆွဲမည်

ရန်ကုန်-မန္တလေး သို့ ပြေးဆွဲသော အမှတ် (၅) အဆန်၊ (၆) အစုန် အမြန်ရထား စက်ခေါင်း နှင့် တွဲဆိုင်း အသစ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်-ပြည် လမ်းပိုင်း၌ ပြေးဆွဲနေသည့် အမှတ် ၇၁ အဆန် ၇၂ အစုန် အမြန်ရထားတွင် ခရီးသွား ပြည်သူ များ အဆင်ပြေ သက်သာစွာ စီးနင်းနိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ထုတ်လုပ် ရောက်ရှိ လာသော တွဲဆိုင်း များဖြင့် လာမည့် မတ်လတွင် အစားထိုး လဲလှယ်၍ တိုးချဲ ့ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ထိုသို့တွဲသစ်များ အစားထိုး လဲလှယ် တိုးချဲ့၍ ပြေးဆွဲရခြင်းသည် ခရီးသွား ပြည်သူများ လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာ စိတ်ချမ်းမြေ့စွာ ရထားဖြင့် ခရီးသွားလာနိုင်စေရန် နှင့် အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက်ထားသော ရထားတွဲများ အသုံးပြု၍ ရထားစီး ခရီးသည်များအတွက် ဝန်ဆောင်မှုကောင်းများ ရရှိစေရန် ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေဖြင့် လူစီးတွဲ တည်ဆောက်ရေး စက်ရုံ စီမံကိန်းမှ ခရီးသည်များ သက်တောင့် သက်သာ စီးနိုင်သော လေအိပ် ဘိုဂီပါ တွဲသစ်များနှင့် စက်ခေါင်း များအား တရုတ်နိုင်ငံ ၌ အပြီးအစီး ဆောက်လုပ်၍ မြန်မာ့ မီးရထားတွင် အသုံးပြုရန် စီစဉ်ခဲ့ပြီး ယခု အခါ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၅) အဆန် ၊ (၆)အစုန် အမြန် ရထားတွင် အစားထိုး လဲလှယ် ပြေးဆွဲပေးလျက် ရှိနေပြီး စီးနင်းသူ ခရီးသည်များ ကျေနပ် သဘောကျမှုများ ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၅) အဆန် ၊ (၆)အစုန် အမြန် ရထားတွင် ခရီးသည်နှင့် အတူ ပါလာမည့် ခွင့်ပြု အလေးချိန် အတွင်း ပစ္စည်းများသာ တင်ဆောင်ရန် ၊ ယခင်ကဲ့သို့ရထားထိန်းတွဲများတွင် တန်ဆာဖြင့် တင်ဆောင်ခွင့်ပြုထားသော ရောင်းဝယ် ဖောက်ကားမှု ပစ္စည်းများကို တင်ဆောင်ခွင့် မပြုရန် အပါအဝင် ညွှန်ကြားချက်များ ထားရှိပြီး မြန်မာ့မီးရထား ပုံရိပ် ပြန်တတ်လာစေရေး ခရီးသည်များ၏ စိတ်ချမ်းသာမှုများ ပိုမို ရရှိလာရေး ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ၊ ခရီးသွားလာချိန် လျော့နည်းလာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)