Science & Technology
ရွှေပေါက်ကံ လေးလမ်းသွား တံတား တည်ဆောက်ရေး စီမံကိန်း ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီး မကြာမီ ကာလတွင် ဖွင့်လှစ်တော့မည်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ရွှေပေါက်ကံ တံတား (၄ လမ်းသွား) တည်ဆောက်ရေး စီမံကိန်း တစ်ခုလုံး၏ ဆောင်ရွက် ပြီးစီးမှုမှာ ယခုအခါ ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီး မကြာမီ ကာလတွင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရွှေပေါက်ကံ တံတားသည် ငမိုးရိပ်ချောင်းအား ဖြတ်၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး အရှည် ၂၄၂ မီတာ၊ အုတ်မြစ် ၁.၂ မီတာ အချင်းဘိုးပိုင်၊ အောက်ထည် သံကူကွန်ကရိ၊ အပေါ်ထည် Steel Box Girder သံကူ ကွန်ကရိ ကြမ်းခင်းနှင့် လက်ရမ်း အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်း အကျယ်မှာ ၁၄.၆ မီတာ ၄ လမ်းသွားတံတား အမျိုးအစားနှင့် တံတား ခံနိုင်ဝန် HS-25-44 Design Loading ရှိကြောင်း သိရသည်။ (Xinhua)