Connect with us

Science & Technology

ကြမ်းခင်း အဆက် သံပြား နိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည့် ပုသိမ် ကြိုးတံတားအား မော်တော်ယာဉ်များ ပုံမှန် ဖြတ်သန်း သွားလာ နိုင်ရေး ဖေဖော်ဝါရီလ ၁၇ ရက်တွင် ခွင့်ပြု ပေးသွားမည်

ပုသိမ်-ငွေဆောင် လမ်းပေါ်ရှိ ပုသိမ် ကြိုးတံတားအား တွေ့ရစဉ် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ရက်သတ္တပတ်က ကြမ်းခင်းအဆက် သံပြား နိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည့် ပုသိမ်-ငွေဆောင် လမ်းပေါ်ရှိ ပုသိမ် ကြိုးတံတားအား ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် မော်တော်ယာဉ်များ ပုံမှန် ဖြတ်သန်း သွားလာနိုင်ရေး ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ပုသိမ် ကြိုးတံတားသည် ဖေဖော်ဝါရီလ ၇ ရက်တွင် ချောင်းသာဘက်ကမ်း တာဝါတိုင် နေရာရှိ ကြမ်းခင်းအဆက် (Expension Joint) သံပြား နိမ့်ကျမှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး အသေးစိတ် စစ်ဆေး တွေ့ရှိမှုများ အရ ဆိုင်းကြိုးများ လျော့ကျသွားခြင်းကြောင့် နိမ့်ကျခြင်း မဟုတ်ဘဲ သံဘောင် အထိုင် Bearing တွင် တပ်ဆင်ထားသည့် Bolt & Nut (၈) လုံး ပြတ်ထွက်သဖြင့် သံဘောင်မှာ အောက်သို့ နိမ့်ဆင်းသွားပြီး ကြမ်းခင်းအဆက် Expension Joint သံပြား နိမ့်ကျွံမှု ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း ၊ သံဘောင်ကို ပြန်လည် ပြင်ဆင်နိုင်ရန် အတွက် သံဘောင်အောက်မှ သံပြားများ ခုခံခြင်း၊ ဂျက်များ အထိုင်ချခြင်း စသည့် အကြို လုပ်ငန်းများကို ဆောင်ရွက်ပြီး လုပ်ငန်း အစီအစဉ်အရ သံဘောင် မြှောက်တင်ခြင်းနှင့် အထိုင် Bearing သံပြားတွင် Bolt & Nut (၈) လုံး ပြန်လည် တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပုသိမ်-ငွေဆောင် လမ်းပေါ်ရှိ ပုသိမ် ကြိုးတံတား ကြမ်းခင်း အဆက် သံပြား နိမ့်ကျမှု အား ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း (၆၀) တန် ဖြစ်ပြီး အသေးစိတ် စစ်ဆေးနေစဉ်အတွင်း ယာဉ်ငယ်များနှင့် ခရီးသည်တင် ယာဉ်ကြီးများကို လူဆင်း လမ်းလျှောက်၍ ဖြတ်သန်းစေခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် စစ်ဆေးမှုများ ပြီးစီးချိန်တွင် ခရီးသည်တင် ယာဉ်ကြီးများအား လူတင်၍ ဖြတ်သန်းစေပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ကုန်ကားများကို ယာဉ်အလေးချိန် (၃၀) တန်အထိ ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.