Science & Technology
ချင်းတွင်းမြစ်ဝမှ ဟုမ္မလင်းထိ ရေပေါ်နှင့် ကမ်းပေါ်ပြ အမှတ်များစိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ဝမှ ဟုမ္မလင်းမိုင် ၃၈၀ ရေလမ်းခရီးအတွင်း ရေပေါ်ပြအမှတ် အသား ၁၅၀ နှင့် ကမ်းပေါ်ပြ အမှတ် အသား ၃၄၀ တို့ကို ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ (၆) မုံရွာမြို့ရုံး လက်အောက်ရှိ ရေလမ်းညွှန်ဌာနက နိုဝင်ဘာတွင် အပြီးစိုက်ထူဆောင် ရွက်နေကြောင်း သိရသည်။
၅၃ မိုင် ရေလမ်းခရီးရှိသည့် ချင်းတွင်းမြစ်ဝမှ မုံရွာအထိ ရေပေါ် ပြအမှတ်အသား အခု ၃၀၊ ကမ်းပေါ်ပြ အမှတ်အသား ၅၅ ခုကို လည်းကောင်း ၊ ၇၂ မိုင်ရေလမ်းခရီးရှိသည့် မုံရွာမှ သင်တောအထိ ရေပေါ် အမှတ်အသား အခု ၃၀၊ ကမ်းပေါ်ပြအမှတ်အသား ၆၅ ခု တို့ကို လည်းကောင်း စိုက်ထူလျက်ရှိသည်။ ထို့အပြင် သင်တောမှ ကလေးဝထိ ၇၃ မိုင် ရေလမ်းခရီးအတွင်း ရေပေါ်ပြ အမှတ်အသား အခု ၃၀ နှင့် ကမ်း ပေါ်ပြအမှတ်အသား ၆၅ ခုကိုလည်းကောင်း၊ ကလေးဝမှ အောက်တောင်းထိ ၈၉ မိုင် ရေလမ်းခရီးအတွင်း ရေပေါ်ပြ အမှတ်အသား အခု ၃၀ နှင့် ကမ်းပေါ်ပြ အမှတ်အသား ၇၅ ခုကို လည်းကောင်း၊ အောက်တောင်းမှ ဟုမ္မလင်းအထိ ၉၃ မိုင် ရေလမ်းခရီး အတွင်းတွင် ရေပေါ်ပြအမှတ်အသား အခု ၃၀ နှင့် ကမ်းပေါ်ပြ အမှတ်အသား အခု ၈၀ တို့ကို စိုက်ထူလျက်ရှိကြောင်း သိရသည်။
ရေပေါ်ပြနှင့် ကမ်းပေါ်ပြ အမှတ် အသား ၁၆ မျိုးရှိသည့်အနက် ချင်းတွင်း မြစ်တစ်လျှောက်တွင် ဖြတ်ကူး-ကမ်း ကပ်-ဘော့နီ-ဘော့ဖြူဟူသည့် လမ်း ညွှန်ပြ အမှတ်အသားများနှင့် အန္တရာယ်ပြအမှတ်အသားများဖြစ်သည့် ကမ်းနီး အန္တရာယ်၊ ကမ်းဝေးအန္တရာယ် ရေကြောင်းပိတ်နှင့် ဘော့နက်တို့ကို အသုံးပြု အချက်ပြသည်က များကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)