Connect with us

Science & Technology

ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ လျှို့ဝှက်ကင်မရာ တပ်ဆင်ခြင်း ဒီဇင်ဘာလတွင် ဆောင်ရွက်ရန် စီစဉ်

ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ လျှို့ ဝှက်ကင်မရာတပ်ဆင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) တို့ပူးပေါင်း၍ ဒုတိယအကြိမ် လျှို့ဝှက်ကင်မရာ တပ်ဆင်ခြင်းနှင့် ဝက်ဝံစစ်တမ်းကောက်ယူခြင်း လုပ်ငန်းကို ဒီဇင်ဘာ ပထမပတ်တွင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောထဲ၌ မလေးဝက်ဝံနှင့် ဟိမဝန္တာဝက်ဝံဟူ၍ နှစ်မျိုးရှိရာ မလေးဝက်ဝံ၏ ရင်ဘတ်ပေါ်တွင် U ပုံသဏ္ဌာန် အမှတ်အသားနှင့် အမွေးမှာပါးပြီး ဟိမဝန္တာဝက်ဝံ၏ ရင်ဘတ်ပေါ်တွင် V ပုံသဏ္ဌာန် အမှတ်အသားနှင့် အမွေးမှာ မလေးဝက်ဝံထက် ပိုထူပြီး ပိုကြမ်းကြောင်း သိရသည်။ ယင်းဝက်ဝံများ၏ ပျံ့နှံ့မှုနှုန်းကို လျှို့ဝှက်ကင်မရာများ တပ်ဆင်ပြီး လေ့လာစစ်တမ်း ကောက်ယူခြင်းဖြစ်ရာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ်ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဒုတိယအကြိမ်စစ်တမ်း ကောက်ယူမည်ဖြစ်သည်။

ထို့ပြင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) အနေဖြင့် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော တိရစ္ဆာန်များကို လျှို့ဝှက်ကင်မရာများ တပ်ဆင်ြ ပီး ဝက်ဝံများကို စစ်တမ်းကောက်ယူခြင်းအပြင် တခြားတိရစ္ဆာန်များကိုလည်း ကင်မရာ တပ်ဆင်ပြီး ပျံ့နှံ့မှုနှုန်းကို စစ်တမ်းကောက်ယူနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.