Connect with us

Science & Technology

၂၀၂၀ ခုနှစ်တွင် ရေနံဓာတ်ငွေ့ရည် (LPG) အား အစားထိုးသုံးစွဲရေးအတွက် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စတင်ဆောင်ရွက်

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲကျင်းပနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၀ ခုနှစ်တွင် မီးဖိုချောင်သုံး ရေနံဓာတ်ငွေ့ရည် (LPG) အား အစားထိုးသုံးစွဲရေးအတွက် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

အဆိုပါ မီးဖိုချောင်သုံး ရေနံဓာတ်ငွေ့ရည် (LPG) အား အစားထိုးသုံးစွဲရေးအတွက် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စု တစ်သန်းခန့် သုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ အခြေအနေများအား ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အိမ်ထောင်စု (၇.၂) သန်းအား မီးလင်းရေးအတွက် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP)ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများ ကို လျော့ချနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မြို့နယ်တွင် Advanced Metering Infrastructure (AMI) စနစ်ဖြင့် စမ်းသပ် တပ်ဆင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သောကြောင့် အဆိုပါ အောင်မြင်မှု အပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တို့တွင် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးပွဲကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ နေပြည်တော်၌ နိုဝင်ဘာ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ ခန့်တွင် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ဥက္ကဋ္ဌ၊ ဦးကြည်မိုးနိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ အတွက် Generation၊ Transmission and Distribution ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဆိုင်ရာ ဝန်ဆောင်မှု အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်မှု အခြေအနေများ၊ အနာဂတ်ကာလတွင် ပြည်သူလူထု လျှပ်စစ်ဓာတ်အား လိုအပ်သလောက် ဖြည့်ဆည်း ပေးနိုင်ရန် ကြိုတင်စီမံထားမှု အခြေ အနေများ၊ လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ရောင်းချမှုစရိတ်တို့သည် ကွာခြားမှု ရှိနေခြင်း တို့ကြောင့် (၁)နှစ်လျှင် ဘီလီယံ ၄၀၀ စိုက်ထုတ် သုံးစွဲနေမှု အခြေအနေ၊ လျှပ်စစ်ကဏ္ဍတွင် အခြေခံ အဆောက်အဦ မြှင့်တင်ရေးနှင့် နိုင်ငံတော်မှ စိုက်ထုတ်ကျခံ ပေးနေရသော ပမာဏ ကိုလျော့ချရန် ဓာတ်အားခကို သင့်တင့်မျှတ သော ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ လက်ရှိလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် အတွက် ကုန်းပိုင်းကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ် လုပ်မည့် အခြေ အနေများ၊ လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချနေသော ကမ်းလွန် ရတနာနှင့် ရဲတံခွန် စီမံကိန်း များတွင် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု အခြေအနေ ကျဆင်းနေပြီဖြစ်သဖြင့် LNG အစားထိုး တင်သွင်းပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းဆွေးနွေးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.