Science & Technology
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် အား(၄-၉-၂၀၁၈)ရက် နေ့အထိ လိုင်စင်ပေါင်း(၁၆၂) ခု ထုတ်ပေးထားရှိပြီးဖြစ်

ရန်ကုန်၊ စင်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအနက်မှ (၄-၉-၂၀၁၈)ရက် နေ့အထိ လိုင်စင်စုစုပေါင်း (၁၆၂) ခု လိုင်စင် ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်များမှာ Nationwide Telecommunications License (၄) ခု၊ Network Facilities Service (Individual) License (၆၄) ခု၊ Network Service License (၁၇) ခု၊ Network Facilities Service (Class) License (၅၁) ခု၊ Application Service License (၂၆) ခု တို့ဖြစ်ကြသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)