Connect with us

Science & Technology

မန္တလေးတိုင်းဒေသကြီး ၌ ယာဉ်သက်တမ်းတိုးနှင့် ယာဉ်စစ် ရက်ချိန်းရယူခြင်း တို့အား Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည်

Online Booking စနစ် ရယူဆောင်ရွက်ပုံများ (ဓာတ်ပုံ-- ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)နှင့် (မန္တလေးတောင်ပိုင်း) တို့တွင် နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးယာဉ် ယာဉ်စစ်ရက်ချိန်းရယူခြင်းနှင့် မော်တော်ယာဉ် မှန်ကန်မှု ရှိ၊ မရှိ ယာဉ်စစ်ရက်ချိန်း ရယူခြင်းတို့အား www. rtad.gov.mm Website တွင် ကြိုတင်စာရင်း သွင်းသည့်စနစ် (Online Booking System) ကို အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ရက်ချိန်းရယူလိုသည့် ယာဉ်ပိုင်ရှင်များသည် စက်တင်ဘာ ၂၈ မှစတင်၍ ယာဉ်စစ်ရက်ချိန်းကို Online Booking စနစ်ဖြင့် စတင်ရယူနိုင်မည်ဖြစ်ပြီး အနည်းဆုံး သုံးရက်မှ အများဆုံး ရက် ၃ဝ အထိ ကြိုတင်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Booking စနစ်ကို နှစ်လဲမှတ်ပုံတင် သက်တမ်းတိုး မော်တော်ယာဉ်များအတွက်သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နယ်ဝင်ယာဉ်များ၊ ပြောင်းလဲခြင်း စစ်ဆေးခံမည့် ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ၊ ထော်လာဂျီယာဉ်များနှင့် နှစ်တန်နှင့်အထက် မော်တော်ယာဉ်များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်း ဆောင်ရွက် နိုင်မည်ဖြစ်သည်။ နှစ်လဲမှတ်ပုံတင် သက်တမ်းတိုးခြင်း အတွက် ရုံးဖွင့်ရက် တစ်ရက်လျှင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီခွဲအထိ နှစ်ချိန်ခွဲ၍ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) ၌ နံနက်ပိုင်း အစီး ၁၅ဝ၊ မွန်းလွဲပိုင်း ၁၂၅ စီးနှင့် ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) ၌ နံနက်ပိုင်း အစီး ၂ဝဝ၊ မွန်းလွဲပိုင်း ၁၇၅ စီး လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ Online Booking ရယူရန် အခက်အခဲရှိသူများ နှစ်လဲသက်တမ်းတိုး ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် လတစ်လ ၏ နောက်ဆုံး ရုံးဖွင့်ရက် နှစ်ရက်ကို Online Booking ရက်ချိန်းရယူရန် မလိုဘဲ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မော်တော်ယာဉ်မှန်ကန်ခြင်း ရှိ၊ မရှိ ယာဉ် စစ်ဆေး ခြင်းကို နေ့စဉ် ရုံးဖွင့်ရက်များအတွင်း နှစ်လဲသက်တမ်းတိုး ဆောင်ရွက်ပြီးချိန် မွန်းလွဲ ၁ နာရီနောက်ပိုင်း၊ လစဉ် လဆန်း ၁ ရက်မှ ၂၅ ရက်အတွင်း ရုံးဖွင့်ရက်တစ်ရက်လျှင် မော်တော်ယာဉ် စီးရေ ၅ဝ လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Online Booking စနစ် အသုံးပြုရန် အသေးစိတ် အချက်အလက်များအား www.motc. gov.mm၊ www. myanmarrtad.com၊ www.rtad.gov.mm Website များနှင့် Road Transport Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မရှင်းလင်းသည်များရှိပါက ရုံးချုပ်(နေပြည်တော်) ဖုန်း-ဝ၆၇-၃၄ဝ၅ဝ၉၉၊ တိုင်းဒေသ ကြီးရုံး (မန္တလေး) ဖုန်း-ဝ၂-၄ဝ၃၆၁၁၃၊ ခရိုင်ရုံး (မန္တလေး တောင်ပိုင်း) ဖုန်း-ဝ၂-၄ဝ၃၆၆၉၇၊ ခရိုင်ရုံး (မန္တလေး မြောက်ပိုင်း) ဖုန်း-ဝ၂-၄ဝ၆၁၈၃၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.