Connect with us

Science & Technology

ကားမီးလောင်မှုကြောင့် သံလျင်တံတား ထိခိုက်ပျက်စီးမှုမရှိဟု ထုတ်ပြန်

ရန်ကုန်-သန်လျင်တံတားအမှတ်(၁)အား စစ်ဆေးမှုပြုလုပ်နေစဉ်(ဆောက်လုပ်ရေးဝန်ကြီး)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်-သန်လျင်တံတားအမှတ်(၁)ပေါ်တွင် မော်တော်ယာဉ်မီးလောင်မှုုဖြစ်ပွားပြီးနောက် တံတားအား စစ်ဆေးမှုပြုလုပ်ရာ တံတားသည် သတ်မှတ်အရည်အသွေးပြည့်မီပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ စစ်ဆေးတိုင်းတာချက်များအရ တံတား၏ ယာဉ်သွားလမ်းပေါ်တွင် မီးအပူရှိန်ကြောင့် ယာဉ်အရည်ပျော်ကျကာ မျက်နှာပြင် အနည်းငယ်ပွန်းပဲ့၍ အပေါ်ယံလမ်းမျက်နှာပြင် အလျား၅ပေ အနံ ၄ပေ ခန့် ပွန်းသွားခဲ့ကြောင်း၊ ဘေးသံပေါင်နှင့်ယာဉ်သွားလမ်းကြားတွင်Guard Railခံနေသည့်အတွက် သံပေါင်တစုံတရာထိခိုက်မှုမရှိကြောင်း၊ ထို့ပြင် Road Curbနှင့်Guard Railအား Rebound Test ပြုလုပ်ချက်အရသတ်မှတ်အရည်အသွေးပြည့်မီပြီးထိခိုက်ပျက်စီးမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်း တံတားပေါ်သို့ အများပြည်သူများ စိတ်ချစွာဖြတ်သန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်-သန်လျင်တံတားအမှတ်(၁)၊ တံတားတိုင်အမှတ် P-17နှင့် P-18 ကြား ယာဉ်သွားလမ်းပေါ်၌ စက်တင်ဘာ ၅ရက် ညနေတွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.