Connect with us

Science & Technology

နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကျင်းပမည်

နိုင်ငံတကာနည်းပညာပြပွဲဖိတ်စာအားတွေ့ရစဉ် (ဓာတ်ပုံ--MPS)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲကို စက်မှုဝန်ကြီးဌာန စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် Myanmar Promotional Services ( MPS ) Co.,Ltd. တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း Myanmar Promotional Services ( MPS ) Co.,Ltd သတင်းထုတ်ပြန်သည်။

အဆိုပါ နိုင်ငံတကာ နည်းပညာ ကုန်စည်ပြပွဲ၌ စက်မှုနည်းပညာ တီထွင်ဖန်တီးမှု ပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ အဖြစ် ငွေကျပ် ငါးသိန်းမှ သိန်း ၃ဝ အထိ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲတွင် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများကို ပူးပေါင်း ပါဝင်ပြသကြရန် ဖိတ်ခေါ်ထားပြီး ပြပွဲသို့ ပါဝင်ပြသရန် စိတ်ပါဝင်စားသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ အနေဖြင့် မိမိတို့၏ ထုတ်ကုန်များ အလိုက် ပြခန်းများကို ငှားရမ်း၍ ပါဝင်ပြသနိုင်မည် ဖြစ်သည်။ အဆိုပါပြပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မန္တလေးတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန smemandalay 2014@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.