Connect with us

Science & Technology

စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ကျေးလက်ဒေသကို အခြေခံမည်ဟုဆို

စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာမှတာဝန်ရှိသူများ မီဒီယာများနှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာဖြစ် သည့် Myanmar National Tele & Communications Co.,Ltdသည် အမျိုးသားပိုင်အော်ပရေတာဖြစ် သည့်အတွက် ကျေးလက်ဒေသများကို အခြေခံ ပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ကွန်ရက်လွှမ်းမိုးမှု ရှိအောင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မီဒီယာများအားပြောကြားခဲ့သည်။

MNTC အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ယခုအခါMNTC အနေဖြင့် စတုတ္ထမြောက် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာအဖြစ်Star High Co.,Ltd. မှ ရှယ်ယာ ၂၈ ရာခိုင်နှုန်း၊Myanmar National Telecom Holding Public Ltd. မှ ရှယ်ယာ ၂၃ ရာခိုင်နှုန်းပူးပေါင်း၍ ပြည်တွင်းအစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ဖြင့် လည်းကောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုအဖြစ် ဗီယက်နမ်နိုင်ငံ Viettel Global Investment JSC မှ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း လုပ်ငန်းဖွဲ့စည်းဆောင်ရွက်ခဲ့ပုံနှင့် မြန်မာ နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးဝန်ဆောင် မှုလုပ်ငန်းများကို မြို့ပြကျေးလက်နှင့် တောင်ပေ ါ်ဒေသများပါမကျန် နေရာ အနှံ့ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဒုတိယမြောက် မြန်မာအမျိုး သားပိုင် ဆက်သွယ်ရေးအော်ပရေတာ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ဗီယက်နမ် ချစ်ကြည်ရေး ကို ဖော်ဆောင်သော သဘောဆောင် သည့် အနေဖြင့် ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.