Science & Technology
မန္တလေး-မိုးကုတ် မဟာဗျူဟာလမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်မှုဆောင်ရွက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
မန္တလေး- မိုးကုတ်(လက်ပန်လှ-ဖော့တော) လမ်းပိုင်းရှိမဟာ ဗျူဟာလမ်းမကြီး အရှည် ၄၄ မိုင် ၄ ဖာလုံတွင် စီမံချက်အရ ၃၅ မိုင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ စဉ့်ကူးမြို့နယ် ရွာတော်လေးကျေးရွာ ၄၅ မိုင် ၃ ဖာလုံမှ နတ်တောင်ကျေးရွာ ၅၁ မိုင် ၃ ဖာလုံအထိ နိုင်လွန် ကတ္တရာ ခင်းခြင်းလုပ်ငန်းများ ခင်းကျင်းနိုင်ရန် အတွက်အကျယ် ၁၈ ပေမှ ၂၄ ပေတိုးချဲ့ကာ ကတ္တရာထပ်ပိုး လွှာတင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါ မဟာဗျူဟာလမ်းမကြီးကို ငွေကျပ်သိန်းပေါင်း ၇၃,၅ဝဝ အကုန်ကျခံကာ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)