Connect with us

Science & Technology

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်း ကတ္တရာခင်းမည်

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီးအား ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့ပါးစေရေးအတွက် ကတ္တရာလမ်းခင်းသွားရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ ကွန်ကရိလမ်းမှာ ကားတာယာ ထိတွေ့မှုနဲ့စာရင် ကတ္တရာလမ်း – အေစီလမ်းမှာ ထိတွေ့မှုက တာယာတွေအတွက် အများကြီး သက်သာပါတယ်၊ အပူထွက်နှုန်းလည်း လျော့တဲ့အတွက် ယာဉ်အန္တရာယ်ဖြစ်မှုလည်း လျော့ပါတယ်၊ research လုပ်ထားတဲ့ အခြေအနေအရ အေစီလမ်းပေါ်မှာ ယာဉ်အန္တရာယ် ဖြစ်မှု ပိုပြီးတော့ နည်းတာကို တွေ့ရပါတယ်၊ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံး မိုင်နှစ်ဆယ်လောက် အနည်းဆုံး အေစီခင်းသွားဖို့အတွက် စီစဉ်ထားပါတယ်” ဟု ရှမ်းပြည်နယ် မောက်မယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ အမေးကို ဖြေကြားရာတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် – နေပြည်တော် – မန္တလေး အမြန် လမ်းမကြီးသည် လက်ရှိအခြေအနေ၌ နိုင်ငံတကာအဆင့်မီ အမြန်လမ်း မဟုတ်သေးကြောင်း၊ ခေတ်မီ လေးလမ်းသွား အဖြစ် တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ အဆင့်မီ လုံခြုံရေး ပစ္စည်းများ တပ်ဆင်ပေးရေးအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း လမ်းအရှည် မိုင် ၇၃၂ မိုင်ရှိသည့်အနက် ယနေ့အထိ ၁၆၄ မိုင်ကို အေစီ ခင်းပြီးဖြစ်ကြောင်း၊ အဆိုပါ အမြန်လမ်းကြီးကို တစ်နှစ်ကို မိုင် နှစ်ဆယ်ခင်းမည်ဆိုပါက အချိန် ကြာနိုင်သဖြင့် ADB အကူအညီ များကိုသာမက နိုင်ငံတကာမှ အကူအညီများကိုပါ တောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.