Connect with us

Science & Technology

မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် ဘုံမ္မာလမ်းမကြီးအား ကွန်ကရစ်ခင်းရန် လျာထားဆောင်ရွက်မည်

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်၊စက်ဘာလမှ အောက်တိုဘာလ အတွင်းအရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် ဘုံမ္မာလမ်းမကြီးအား ကွန်ကရစ်ခင်းရန် လျာထားဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောသည်။

ယနေ့ နံနက်၁၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်ဆဋ္ဌမပုံမှန်အစည်းအဝေး

(ပဉ္စမနေ့) တွင် မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှကိုယ်စားလှယ်ဦးဇော်

လွင်က မြောက်ဥက္ကလာပမြို့နယ်(ဈ)ရပ်ကွက်ရှိ ဘုမ္မာလမ်းမကြီးအား အရှည် ၁၄၅၀

ပေအကျယ်၂၀ပေအထူ၆လက်မရှိသော ကွန်ကရစ်လမ်းအဖြစ်ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိသိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီးရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်တွင် ဘုံမ္မာလမ်းမကြီးရဲ့ အရှည်ဟာ ကျွန်တော်တို့တိုင်းထားတာ အရှည် ၁၄၅၀ ပေ အကျယ် ၂၀ပေရှိပါတယ်။ လမ်းအကျယ်ပေါ်လိုက်ပြီး အထူ ၆လက်မဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့သတ်မှတ်ပြီးပါပြီ။ အရှည် ၁၄၅၀ ပေ အကျယ် ၂၀ပေ အထူ ၆လက်မရှိသော ကွန်ကရစ်လမ်းအဖြစ်ခင်းဖို့လဲ ကျွန်တော်တို့ လျာထားခဲ့ပြီးပါပြီ။ လျာထားတဲ့အတိုင်း လုပ်ဆောင်မဲ့အချိန် ကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် တနည်းအားဖြင့် ဒီနှစ်ရဲ့စက်တင်ဘာလကနေ အောက်တိုဘာလအထိ အတွင်းမှာ ဆောင်ရွက်သွားဖို့လဲ ရာထားပြီးဖြစ်ပါကြောင်း လေးစားစွာပြန်လည်ဖြေကြားအပ်ပါတယ်။”ဟု ရန်ကုန်မြို့တော်ဝန်ကပြော

သည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်ရှိ ယင်းဘုံမ္မာလမ်းမကြီးမှာ မေဓာဝတီလမ်းနှင့်အမှတ်(၃)လမ်းမကြီး…. လမ်းမကြီး၂ခုကို ဆက်သွယ်ထားသော အဓိကလမ်းမကြီး တစ်ခုဖြစ်ကြောင်းလမ်းမကြီးဘေးတွင်အမှတ်(၈)အခြေခံပညာအလယ်တန်းကျောင်းတည်ရှိပြီး မြောက်ဥက္ကလာပမြို့နယ်၏ အထင်ကရအဖြစ်ဆုံးနှင့်အစည်ကားဆုံးဖြစ်သော ရတနာသိင်္ဂီဈး သို့ (ဈ)ရပ်ကွက်၊ (၅)ရပ်ကွက်နှင့် အခြားရပ်ကွက်မှ ပြည်သူများ သွားလာရာမှာ ဖြတ်သန်းအသုံးပြုရသောလမ်းမကြီးဖြစ်

ကြောင်းမြောက်ဥက္ကလာပမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ်ဦးဇော်ဝင်းကမေး ခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.