Connect with us

Science & Technology

မန်မာနိုင်ငံ အင်တာနက် အမြန်နှုန်း ၂၀၁၇ ခုနှစ်တွင် ယခုထက် ပိုမို မြန်ဆန်မည်

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုနေသူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အင်တာနက် အမြန်နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ယခုအမြန်နှုန်းထက် ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် အင်တာနက်ဆက်သွယ်ရေး ကာပါနာ (Campana)ကုမ္ပဏီ အကြီးအကဲ ဂျူလီယန် ရောလီ( Julian Rawle) ကပြောကြားသည်။

မြန်မာပြည်၏ ဒုတိယမြောက် ပင်လယ်ပြင်ဖြတ် ဖိုင်ဘာလိုင်းသစ်ကြီးကို ခန့်မှန်းခြေ တည်ဆောက်မှုကာလ ၁၅ လ ခန့်ကြာနိုင်ပြီး ၂၀၁၇ ဧပြီလတွင် စတင် အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ကို ဖြတ်ပြီး ဖိုင်ဘာလိုင်းသစ် တည်ဆောက်ရန်တွက် စင်ကာပူ အခြေစိုက် အင်တာနက်ဆက်သွယ်ရေး ကာပါနာ (Campana)ကုမ္ပဏီသည် အယ်ကပ်တယ် (Alcatel) နှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။

အဆိုပါ ဖိုင်ဘာလိုင်းသစ်ကြီးသည် မြန်မာ- မလေးရှား- ထိုင်း- နိုင်ငံတကာ ဆက်သွယ်ရေး (Myanmar-Malaysia-Thailand-International Connection ) အမြန်နှုန်းက တစ်စက္ကန့်လျှင် 300 Gigabits နှင့် ဆက်သွယ်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.