Connect with us

Science & Technology

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် အမျိုးသားအဆင့် Web Portal တစ်ခုအား တည်ဆောက်ရန် အတွက် ကမ္ဘာ့ဘဏ်မှ ၃၁ .၅ သန်း ချေးမည်

e-Government လုပ်ငန်းများအား အစိုးရ ဝန်ကြီးဌာနများတွင် စတင် ဆောင်ရွက်နေမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက်

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ စုစည်းဆောင်ရွက်နိုင်စေရန် အမျိုးသားအဆင့် Web Portal တစ်ခုအား တည်ဆောက်ရန်အတွက် ကမ္ဘာ့ဘဏ်က ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနသို့ အမေရိကန် ဒေါ်လာ ၃၁ .၅ သန်း ချေးမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် e- Government Web Portal တည်ဆောက်ရန် စီမံကိန်း ရေးဆွဲခြင်းအား ၂၀၁၄ ခုနှစ် နှစ်ကုန်တွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် လက်တွေ့ အကောင်အထည် ဖော်ရန် ဆောင်ရွက်ပေးမည့် ကုမ္ပဏီ အတွက် တင်ဒါကို ခေါ်ယူထားခဲ့ပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

Web Portal တည်ဆောက်ရန် တာဝန်ယူ လုပ်ဆောင်ပေးမည့် ကုမ္ပဏီသည် လုပ်ငန်း အတွေ့အကြုံ ၁၀ နှစ် နှင့် အထက် ရှိရမည်ဖြစ်ပြီး အစိုးရ လုပ်ငန်းများအား လုပ်ကိုင်ပေးမည့် အတွေ့အကြုံ ၈ နှစ်နှင့် အထက်ရှိ၍ Web Portal နှစ်ခု အောင်မြင်စွာ ဆောက်ဖူးသည့် အတွေ့အကြုံများ ရှိရန် လိုအပ်ကြောင်း သိရသည်။

e-Government လုပ်ငန်းတို့ လုပ်ဆောင်ရန် Web Portal တည်ဆောက်ခြင်း စီမံကိန်းတို့ အပြင် အသေးစား စီမံကိန်းများ အတွက် ယင်း စီမံကိန်းများထဲမှ အမေရိကန် ဒေါ်လာ ၅ သန်းကျော်သာ အသုံးပြုရသေးကြောင်း သိရသည်။

အဆိုပါ ချေးငွေ စီမံကိန်းသည် ၅ နှစ် စီမံကိန်းဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၍ ဘတ်ဂျက် ပုံစံဖြင့် ချေးငွေချထားပေးခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117