Connect with us

Science & Technology

ယာဉ်မောင်းလိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့စတင် ပြောင်းလဲ ထုတ်ပေးနေ

လက်ရှိအသုံးပြုနေသော ယာဉ်မောင်းလိုင်စင်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ ၊ အိန္ဒိယ ၊ ထိုင်း သုံးနိုင်ငံအကြား နိုင်ငံ အချင်းချင်း ခရီးသည် နှင့် ကုန်စည်များ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သွားလာမှု၏ စည်းကမ်းများ သဘောတူ စာချုပ်အရ ယာဉ်မောင်းလိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့ စတင် ပြောင်းလဲထုတ်ပေး နေပြီ ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယာဉ်မောင်း လိုင်စင်များအား Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင်သို့ဇန်နဝါရီ ၁၂ ရက်မှ စတင်၍ နေပြည်တော်ရုံး၌ ပြောင်းလဲထုတ်ပေးနေပြီး တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင်ရုံးများတွင်လည်း ဆက်လက် ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

Chip ပါသည့် Smart Card ယာဉ်မောင်း လိုင်စင် ထုတ်ပေးခြင်း အားဖြင့် လိုင်စင် ကိုင်ဆောင်သူ တစ်ဦးချင်း၏ အချက်အလက်များကို လုံခြုံစိတ်ချစွာ ထိန်းသိမ်း ပေးနိုင်ခြင်း ၊ လိုင်စင် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုကို စစ်ဆေးသည့် နေရာတွင် ချက်ခြင်း အတည်ပြု နိုင်ခြင်း ၊ ယာဉ်စည်းကမ်း ဖောက်ဖျက်သူများအား အမှတ်ပေးသောစနစ် Demerit Point System အရ ပြစ်မှု ကျူးလွန်သော ယာဉ်မောင်းများအား အမှတ်ပေး၍ အပြစ်ပေး အရေးယူ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ယာဉ်စည်းကမ်း ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်သည့် အပြင် ယာဉ်မောင်း လိုင်စင် အတု ကိုင်ဆောင်မှု များအားလည်း အလွယ်တကူ စစ်ဆေး ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.