Science & Technology
ရသေ့တောင်မြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိတော့မည်
ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)
ရသေ့တောင်မြို့နယ်တွင် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ်တွင် မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ပြည်ထောင်စု အစိုးရ ရံပုံငွေဖြင့် ကျေးရွာ ၁၇ ရွာနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရံပုံငွေဖြင့် ကျေးရွာ ၉ ရွာ စုစုပေါင်း ကျေးရွာပေါင်း ၂၆ ရွာကို ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေရာ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်ကုန်ထိ ကျေးရွာပေါင်း ၁၆၈၉ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)