Connect with us

Science & Technology

၂ဝ၁၉ ခုနှစ်အတွင်း ရန်ကုန်မြေပုံ အပြီးရေးဆွဲမည်

ရန်ကုန်မြို့တွင်း အများပြည်သူ သွားလာနေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တိကျမှန်ကန်သော မြေနေရာများရရှိရေးအတွက်ရေးဆွဲနေသော ရန်ကုန်မြေပုံကို ၂၀၁၉ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းနှင့် ပတ်သက်၍ ပထမအကြိမ် ဆွေးနွေးပွဲထံမှ သိရသည်။

အဆိုပါ ရန်ကုန်မြေပုံရေးဆွဲရေးစီမံကိန်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပမြို့နယ် ၈မြို့နယ်ပါဝင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြေပြင်နှင့် မြေပုံများသည် နှစ်ပေါင်းများစွာတည်းကပင် ကိုက်ညီမှုမရှိသဖြင့် လက်ရှိလုပ်ဆောင်နေသော စီမံကိန်းသည် ကိုက်ညီရန် ရေးဆွဲနေသည့် စီမံကိန်း ကြောင်း သိရသည်။

ယင်းစီမံကိန်း ကာလအတွင်း အဓိကကျသော မြို့နယ်နေရာများ၌ ဒေတာစင်တာ များကို ထားရှိမည်ဖြစ်ပြီး မင်္ဂလာဒုံ၊ လှည်းကူး၊ ထန်းတပင်၊ သန်လျင်နှင့် တွံတေးမြို့နယ်တို့၌လည်း ဒေတာစင်တာများ တပ်ဆင်ရန်လျာထားကြောင်း၊ ယင်းဒေတာ စင်တာများမှ တစ်ဆင့် ဒေတာများ၊ ပုံများအချိန်နှင့် အမျှ ပြောင်းလဲနေသည်များကို ရယူနိုင်မည်ဖြစ်ကြောင်း၊ ဒေတာစင်တာများ တည်ဆောက်နိုင်ရေး အတွက် ပထမဆုံး မြေနေရာ ရွေးချယ်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြေပုံရေးဆွဲရေး လုပ်ငန်းကော်မတီက ကြီးမှူးကျင်းပသော ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းနှင့် ပတ်သက်၍ ပထမအကြိမ် ဆွေးနွေးပွဲကို မတ် ၁၄ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.