Connect with us

Science & Technology

မေယုတောင်ကို ဖြတ်ကျော်ဖောက်လုပ်နေသည့်ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်း ခြောက်မိုင်ခန့်ပြီးစီးတော့မည်

ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်း အားတွေ့ရစဉ် (ဓာတ်ပုံ-ဟန်လင်းနိုင်)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မေယုတောင်ကို ဖြတ်ကျော်ဖောက်လုပ်နေ သည့် ကျောက်ပန္တု-အင်းဒင်-စေတီပြင် လမ်း အမာခံကျောက်ခင်းခြင်းလုပ်ငန်း ခြောက်မိုင်ခန့် ပြီးစီးတော့မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန လမ်း အထူးအဖွဲ့(၁၇)မှ သိရသည်။

အဆိုပါလမ်းကို မြေပြန့်ပိုင်းတွင် ပေ ၄ဝ အကျယ်တာပေါင်နှင့် တောင်ပေါ်ပိုင်းတွင် ၃၄ ပေ အကျယ်တာပေါင်ရှိ နှစ်လမ်းသွားအမာခံ ကျောက်ချောလမ်းအဆင့်ရောက်ရှိအောင် ဆောင်ရွက်လျက်ရှိပြီး လာမည့် နှစ်များတွင် ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းအဆင့် ရောက်ရှိ အောင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါလမ်းသည် ၁ဝ မိုင် ခုနစ်ဖာလုံ ရှည်လျားပြီး ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနှင့် မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာတို့ကို ဆက်သွယ် ထားသောလမ်းဖြစ်သည်။ ထို့ပြင် မေယုတောင် အရှေ့ဘက်ခြမ်းကျေးရွာများနှင့် အနောက်ဘက်ခြမ်းကျေးရွာများအား အဓိကဆက်စပ်ပေးနိုင်မည့် လမ်းမကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ယခင်က မေယုတောင်ကို ဖြတ်ကျော်ဖောက်လုပ်ထားသည့် ဘူးသီးတောင်- မောင်တောလမ်း တစ်လမ်းသာရှိခဲ့သည်။ ယခုအစိုးရလက်ထက်တွင် မေယု တောင် ဖြတ်ကျော်လမ်း လေးလမ်းဖောက်လုပ်ရန်လျာထားပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျောက်ပန္တု-အင်းဒင်-စေတီပြင်လမ်းနှင့် ကြိမ်ချောင်း-ဂုပ္ပိလမ်း နှစ်လမ်းကို စတင်ဖောက်လုပ်ခဲ့သည်။ ကျန်ရှိသည့် ဥဒေါင်း-ညောင်ချောင်း လမ်းနှင့် သက်ကိုင်ညာ-ပဒဂါးလမ်း နှစ်လမ်းကိုလည်း ဆက်လက်အကောင် အထည်ဖော်ရန် လျာထားကြောင်း သိရသည်။

“လျာထားတာကတော့ လေးလမ်းရှိပါတယ်၊ ဆက်ပြီးအကောင်အထည်ဖော် သွားမယ့် အစီအစဉ်တွေပါ၊ နောက် နှစ်လမ်း ဆက်ဖောက်ဖို့အတွက်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှာ ထည့်သွင်း လျာထားပြီး ရန်ပုံငွေ အဆိုပြုထားကြောင်း’’ ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.