Science & Technology
သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီး
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သံလွင်တံတား(ချောင်းဆုံ) တံတား တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးလျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
သံလွင်တံတား (ချောင်းဆုံ) ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး
အဆိုပါ တံတားကို ၂၀၁၇ ခုနှစ် မတ်လတွင် အပြီး တည်ဆောက်မည် ဖြစ်သည်။
အဆိုပါ တံတား ပင်မတံတား အရှည်သည် ၅၃၆ မီတာ၊ ချဉ်းကပ်တံတား အရှည်သည် မုပွန်ဘက်ကမ်း မီတာ၂၁ဝ ဖြစ်ပြီး ကညော်ဘက်ကမ်း မီတာ ၈၄ဝ ဖြစ်ကာ စုစုပေါင်း တံတားအရှည်မှာ ၁,၅၈၆ မီတာ ဖြစ်သည်။
သံလွင်တံတား (ချောင်းဆုံ) ပြီးစီးပါက ချောင်းဆုံမြို့ နယ်ရှိ ဘီလူးကျွန်း၊ ကုလားတို့နှင့် ကျေးရွာအုပ်စု ၄၆ အုပ်စု ရှိ ကျေးရွာပေါင်း ၇၈ ရွာမှ ဒေသခံ တောင်သူလယ်သမား များ၊ လက်မှု လုပ်ငန်းရှင်များ၊ ရော်ဘာ စိုက်ပျိုးသူများ သံလွင်မြစ်ကို မဖြတ်ရတော့ဘဲ ကားလမ်းပေါ် မှ ဒေသထွက် ကုန်များ စီးပွားရေး ဈေးကွက်သို့ အမြန်တင်ပို့ ရောင်းချနိုင်မည် ဖြစ်သည်။ (Xinhua)