Connect with us

Science & Technology

မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍအတွက် အထောက်အကူ ဖြစ်စေရန် Huawei နှင့် MCC Group တို့ပူးပေါင်း၍ ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ ပေးမည်

Huawei(Myanmar) ၏ CEO Mr.Zhang Liman နှင့် MCC Group, Group CEO ဒေါ်ချောခင်ခင်တို တို့ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ကျယ်ပြန့်လာသော ဆက်သွယ်ရေး ကဏ္ဍအတွက် ကျွမ်းကျင် လုပ်သား ရှားပါးနေခြင်းကို အထောက်အကူ ဖြစ်စေရန် Huawei နှင့် MCC Group တို့ပူးပေါင်း၍ အခြေခံ ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ကျွမ်းကျင် ပညာရှင်များ ပြည့်စုံ လုံလောက်စွာ မရှိသည့် အတွက် အခက်အခဲကို ကြုံတွေ့နေရကြောင်း ၊ ထို့ကြောင့် ဆက်သွယ်ရေးဆိုင်ရာ သင်တန်း များကို ပြုလုပ်နိုင်ရန် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ၊ ထိုကဲ့သို့ပြုလုပ်ရာတွင် တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှု အဖြစ် သန်လျင် နည်းပညာ တက္ကသိုလ်နှင့် HAINA ဟူသော အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ယခုအခါ အသက်မွေးဝမ်းကျောင်း ပညာသင်သော MCC Polytechnic College များတွင် သင်ကြားနိုင်ရန် MCC Group နှင့် ပူးပေါင်းပြီး HALP Model ပုံစံဖြင့် အခြေခံ ဆက်သွယ်ရေးဆိုင်ရာ သင်တန်း များ ပေးနိုင်ရန် လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း Huawei (Myanmar) ၏ CEO Mr.Zhang Liman က ပြောကြားခဲ့သည်။

MCC Group ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ဆက်သွယ်ရေး ဆိုင်ရာ သင်တန်းများ (Telecommunication Training) ပို့ချနိုင်ရန်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် MCC Group နှင့် Huawei တို့အကြား နားလည်မှု စာချွန်လွှာ(MOU)ကို ယနေ့မေလ ၁၄ ရက်တွင် Huawei (Myanmar) ၏ CEO Mr.Zhang Liman နှင့် MCC Group, Group CEO ဒေါ်ချောခင်ခင်တို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

Huawei(Myanmar) ၏ CEO Mr.Zhang Liman က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

Huawei အစီအစဉ်ဖြင့် ပြုလုပ်မည့် ဆက်သွယ်ရေးဆိုင်ရာ သင်တန်း တွင် ကျွမ်းကျင်မှုလက်မှတ် နှင့် ဒီပလိုမာ သင်တန်းများကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ မုံရွာ ၊ ပုသိမ် နှင့် ရတနာပုံ Cyber City တို့တွင် ဖွင့်လှစ်ထားပြီး MCC Polytechnic College များတွင် ယခု ၂၀၁၆ ခုနှစ် ဇွန်လမှ စတင်၍ သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

MCC Group, Group CEO ဒေါ်ချောခင်ခင်က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

MCC Group နှင့် Huawei တို့အကြား နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်း (ဘယ်) နှင့် Huawei(Myanmar) ၏ CEO Mr.Zhang Liman (အလယ်)တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ထ့ိုအတူ မကြာမီ အချိန်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ပညာ သိပ္ပံ (Myanmar Institute of Telecommunication Technology (MITT) )ကို Huawei နှင့် ပူးပေါင်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)