Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ယူနစ်များ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် AMI စနစ်ကို ကျင့်သုံးနိုင်ပါက လူနှင့်ပြောင်းလဲပြီး ခိုးယူသုံးစွဲသည့် ကိစ္စများ ပပျောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဒေါ်နီလာကျော် ပြောကြား

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ယူနစ်များ ဆုံးရှုံးမှုများ(Losses)များနှင့်ပတ်သက်၍ Advance Metering Infrastructure-AMI စနစ်ကို ကျင့်သုံးနိုင်ပါက လူနှင့်ပြောင်းလဲပြီး ခိုးယူသုံးစွဲသည့် ကိစ္စများ ပပျောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ယူနစ်ဆုံးရှုံးမှုများ(Losses) များနှင့် ပတ်သက်၍ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် မည်ကဲ့သို့သော စနစ်တကျ စီမံချက်များချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“Non-Technical Losses ကျဆင်းရေးအတွက် အခြားမြို့နယ်များမှာလည်း ဆောင်ရွက်နိုင်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ Non-Technical Losses ဆိုတာက လူကြောင့်ဖြစ်ရတဲ့ ကိစ္စတွေပါ။ အဓိကကတော့ လျှပ်စစ်ကို ခိုးယူသုံးစွဲတဲ့ တရားမဝင် သုံးစွဲမှုများ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ AMI စနစ်ကို ကျွန်မတို့ ကျင့်သုံးနိုင်ပြီးဆိုရင် ဒီမီတာတွေကို လူနဲ့ပြောင်းလဲပြီးတော့ ခိုးယူသုံးစွဲတဲ့ ကိစ္စမျိုးတွေက ပပျောက်သွားမှာ ဖြစ်ပါတယ်။ ထို့အပြင် မီတာဖတ်ခြင်းကို ကျွန်မတို့ Control Center ကနေ ဖတ်နိုင်တဲ့ အဆင့်အထိ သွားလိုက်လို့ရှိရင်တော့ ဒီကိစ္စတွေဟာ Non-Technical Losses တွေ ကျဆင်းသွားပြီးတော့ စောစောကပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားတဲ့ ပျောက်ဆုံးလျှပ်စစ် ယူနစ်တွေ လေလွင့်ဆုံးရှုံးမှု နည်းပါးအောင်လို့ ဒါက အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။”ဟု လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအတွက် ပျောက်ဆုံးလျှပ်စစ်ယူနစ်များနှင့် ပတ်သက်၍ လေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် (66/33 KV,66/11 – 6.6KV, 33/11KV, 33/11-6.6KV) ဓာတ်အားခွဲရုံ Outdoor/Indoor Type (AIS/GIS) ဓာတ်အားခွဲရုံကြီးများ အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ (Overhead Lines) ကောင်းကင်ဓာတ်အားလိုင်းများ၊ (Underground Lines) မြေအောက်ဓါတ်ကြိုးလိုင်းများ အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပုံမှန်စစ်ဆေးခြင်း၊ ထိန်းသိမ်းပြုပြင် ခြင်းများ၊ System Improvement လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Transformer Unbalanced Load များ၊ Loose Connection များ ပြုပြင်ဆောင်ရွက်ခြင်း၊ Analogue မီတာများအား Digital မီတာများဖြင့် လဲလှယ်တပ်ဆင်ခြင်း၊ HT Side မီတာများကို ရုံးချုပ် Server မှ စစ်ဆေးနိုင်ရန်အတွက် Analogue HT မီတာများအား CEWE Premier 300 မီတာများဖြင့် ပြောင်းလဲပြီး Modem တပ်ဆင်ခြင်း၊ အခြား Digital မီတာများအား CEWE Premier 300 မီတာများဖြင့် ပြောင်းလဲ၍ Modem တပ်ဆင်၍ GSM Communication ဖြင့် လစဉ်သုံးစွဲမှုကို ဖတ်ရှုနိုင်ရန် စမ်းသပ် ဆောင်ရွက်လျှက်ရှိခြင်း၊ လစဉ်မီတာဖတ်ဝန်ထမ်းများအား မီတာဖတ်ကြီးကြပ်ခြင်း၊ Non Technical Losses ကျဆင်းရေးအတွက် စီမံချက်အနေဖြင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ တရားမဝင် ဓာတ်အားသုံးစွဲသူများကို စစ်ဆေးဖော်ထုတ်ခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ စစ်ဆေးတွေ့ရှိပါက လျှပ်စစ်ဥပဒေ၊ တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ ဒဏ်တပ်အရေးယူဆောင်ရွက်ခြင်း၊ ရပ်၊ပျက်၊နှေး မီတာများ စစ်ဆေးလဲလှယ်ခြင်း၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ Over Load ကြောင့် Losses ဖြစ်ပေါ်နေသဖြင့် ထရန်စဖော်မာများအား Multi Transformer များဖြင့် တိုးချဲ့တည်ဆောက်ခြင်း၊ ထရန်စဖော်မာများအား ဝန်အားတိုင်းတာ၍ Load Balance များပြုလုပ်ခြင်း၊ Load Center ကျသောနေရာသို့ ပြောင်းရွေ့တည်ဆောက်ခြင်း၊ Load Center ကျသောနေရာသို့ ပြောင်းရွှေ့တည်ဆောက်ခြင်း၊ ဗို့အားကောင်းမွန်စေရန် Capacitor Bank များတပ်ဆင်ခြင်း၊ 6.6KV ဓာတ်အားလိုင်းများအား 11 KV စနစ်သို့ပြောင်းလဲတည်ဆောက်ခြင်း၊ Conductor ကြိုးများအား SAC နှင့် ABC ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ (၄၀၀)ဗို့ လိုင်းကြိုးများအား ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ ရှုပ်ထွေး Service များ ရှင်းလင်းခြင်း၊ လိုအပ်ပါက လိုင်းခန်းတိုးချဲ့တည်ဆောက်ခြင်း၊

ဒေါပုံမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်များတွင် Pilot Project အနေဖြင့် မီတာတပ်ဆင်ခြင်းကို Advance Metering Infrastructure-AMI စနစ်အသုံးပြု၍ တပ်ဆင်ခြင်း လုပ်ငန်းများအား ဘတ်ဂျက်ရရှိမှု ပေါ်မူတည်၍ စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိပါကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။ (Xinhua)