Connect with us

Science & Technology

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကျင်းပ


ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဟူသော ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကို ယနေ့ Pan Pacific ဟိုတယ်၌ ကျင်းပခဲ့ပြီးလူမှုကွန်ရက် က ရရှိနိုင်သည့် ကောင်းကျိုးများကို မြှင့်တင်၍ ဆိုးကျိုးများအား လျှော့ချနိုင်ရန်အတွက် နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူများ နှင့် ပညာရှင်များက ထိုဖိုရမ်တွင်ဝိုင်းဝန်းအဖြေရှာခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံးက ကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် နှစ်ခုလည်း ပါဝင်ခဲ့သည်။

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

လူမှုကွန်ယက် တွင်ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိကြောင်း၊ ထို့ပြင် Cyber Bullying များ လည်းယခုနောက်ပိုင်းတွင် ပိုမိုများပြားလာခဲ့ကြောင်း၊ ငွေညှစ်မှုများ၊ ဖေ့ဘွတ် ကဲ့သို့ ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးသူများအတွက် ဟက်ကာများ၏ အကောင့်ဟက်၍ လျှို့ဝှက်ချက်ဖော်ထုတ်မှုများလည်း ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

Information Matrix ကုမ္ပဏီရဲ့ စီအီးအို ဦးသောင်းစုငြိမ်း က “ဆိုရှယ်မီဒီယာပေါ်က အမုန်းစကားများ ကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲလည်း နီးလာတော့ ဒါတွေ ကို ပိုပြီးဂရုစိုက်သင့်ပါတယ်’’ ဟုပြောသည်။

လူမှုကွန်ရက် ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းရန် အဆိုပြုချက်များ ဆိုသည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်မေးမြန်းသူ အဖြစ် Information Matrix ကုမ္ပဏီရဲ့ စီအီးအို ဦးသောင်းစုငြိမ်း၊ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီအေးမြတ်သူ၊ မိတ်ကပ်ပညာရှင် မထက်(Pop Soul)၊ မော်ဒယ်ဟန်တီ၊ Social Influencer များဖြစ်သည့် အရည်ကြို၊ မဖြိုးဖြိုးအောင်တို့ ပါဝင် ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

ဆိုက်ဘာ နှင့် ခြိမ်းခြောက်မှုများဆိုရှယ်မီဒီယာခေတ်စားလာသည့်နောက် ဆိုရှယ်မီဒီယာ အသုံးပြု၍ နာမည်ကြီး နိုင်သကဲ့သို့ ဆိုရှယ်မီဒီယာမှ တစ်ဆင့် နာမည်ကျဆင်းမှုများလည်းရှိကြောင်း သိရသည်။ ဆိုရှယ်မီဒီယာမှ နာမည်ဖျက် ခံရသူများကလည်း ဥပဒေကြောင်း အရ ဖြေရှင်းရန် ကြိုးစားသူရှိသကဲ့သို့ မည်သို့တိုင်ကြားရမည် မသိသူများ လည်းရှိကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာန၊ ဌာနစုမှူး ရဲမှူးကျော်သူဝင်းက “ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ မှုခင်းရဲတပ်ဖွဲ့ဆိုတာ ရှိတယ်။မှုခင်းရဲတပ်ဖွဲ့ ဆိုရင် လူတွေသိပ်မသိကြဘူး။ စီအိုင်ဒီလို့ပြောမှ သိတယ်။ စီအိုင်ဒီမှာ နည်းပညာမှုခင်းဌာန ဆိုပြီးဖွဲ့စည်းထားတာရှိတယ်။ ဌာနအဖြစ် ၂၀၁၅ ခုနှစ်မှာ စခဲ့တယ်။’’ ဟုပြောသည်။

အဆိုပါနည်းပညာမှုခင်းဌာန အနေဖြင့် အပိုင်း ၂ ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမတစ်ပိုင်း တွင် သက်သေခံပစ္စည်းများ စစ်ဆေးကြောင်း သိရသည်။

“ဥပမာ အမှုတစ်မှုဖြစ်တယ်။ အီလက်ထရွန်းနစ်ပစ္စည်းပါလာရင် ကျွန်တော်တို့စစ်တယ်။ ခိုးမှု၊ လိမ်မှု၊ မူးယစ်မှု၊ ဘယ်အမှုပဲဖြစ်ဖြစ် ရဲက သက်သေခံပစ္စည်းသိမ်းလိုက်ပြီဆိုရင် မိုဘိုင်းဖုန်းတို့ ကွန်ပျူတာတို့ ပါလာရင် အဲ့ဒီ့ က အချက်အလက် ဘာတွေရလဲ ၊ ကွင်းဆက်ကဘာတွေလဲ ၊ ဒါနဲ့ ပတ်သက်ပြီးစစ်ဆေးတာကို ကျွန်တော်တို့ဌာနက အဲ့ဒါကိုစစ်တယ်။ ကျွန်တော်တို့ဆီကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ အမှုတိုင်းနီးပါး ကျွန်တော်တို့ ဆီကိုရောက်တယ်။ ဒါက သက်သေခံပစ္စည်းစစ်တဲ့ တစ်ပိုင်း၊ နောက်တစ်ပိုင်းက ဆိုရှယ်မီဒီယာ မှာဖြစ်တဲ့ အပိုင်း၊ တစ်ချို့ ကတရားခံသိတာရှိတယ်။ တစ်ချို့က တရားခံမသိတာရှိတယ်။ အဲ့ဒါတွေကိုဖြေရှင်းပေးနေရတဲ့ အပိုင်းလည်းကျွန်တော်တို့မှာ ရှိတယ်’’ ဟုရဲမှူးကျော်သူဝင်းက ပြောသည်။

အမှုဖြစ်ရင် ၁၉၉ ကိုဆက်သွယ်ပါအမှုဖြစ်ရင် ၁၉၉ ကို ဆက်သွယ်နိုင်ကြောင်း၊ ဆိုရှယ်မီဒီယာပေါ်မှ မှုခင်းများ၊ လိမ်လည်မှုများ အားလုံးအား ၁၉၉ နှင့် သက်ဆိုင်ရာ မြို့နယ်ရှိရဲစခန်းတွင် တိုင်ကြားအမှုဖွင့်နိုင်ကြောင်း သိရသည်။

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ်ကျင်းပစဉ် (ဆင်ဟွာ)

စီးပွားရေး အတွက် ဆိုရှယ်မီဒီယာအသုံးပြုအချို့လူများသည် ဆိုရှယ်မီဒီယာတွင်စီးပွားရေးများ ပြုလုပ် ကြသလို ၊ လုပ်ငန်းရှင်များကလည်း ဆိုရှယ် မီဒီယာနှင့်ကြော်ငြာများ လုပ်လာမှုလည်းတွင်ကျယ်လာခဲ့သည်။

မိတ်ကပ်ပညာရှင် မထက်(Pop soul) က “မထက်က ဆိုရှယ်မီဒီယာနဲ့ လူသိလာတာ။ မထက်စီးပွားရေး ကလည်း ဆိုရှယ်မီဒီယာကနေပဲ လူပိုသိပြီးကြီးထွားလာတာ။ဆိုရှယ်မီဒီယာက မထက် အတွက် အားတစ်ခုပဲ။ ဆိုရှယ်မီဒီယာကြီးက လိုအပ်နေသေးတယ်လို့’’ ဆွေးနွေးပြောကြားခဲ့သည်။

ဆိုရှယ် မီဒီယာက ဘဝမဟုတ်လူငယ်များ အနေဖြင့် ဆိုရှယ်မီဒီယာ ကို အချိန်ပေါင်းများစွာ အသုံးပြုလျက်ရှိနေကြကြောင်း သိရသည်။ ဆိုရှယ် မီဒီယာကို သုံးသည့် မိမိအတွက် ကောင်းကျိုး ဖြစ်နိုင်သည့် အရာများ ကိုချင့်ချိန်၍ သုံးသင့်ကြောင်းသိရသည်။

Asia Model Star Award 2019 နှင့် Miss Myanmar World 2018 သရဖူပိုင်ရှင် အလှမယ်ဟန်တီက “ ဆိုရှယ်မီဒီယာကို ဟန်တီတို့လည်း သုံးတယ်။ အလုပ်သဘောအရ သုံးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အချိန် တွေကို ကိုယ့်ဘာသာ စီမံခန့်ခွဲတယ်။ ဆိုရှယ်မီဒီယာ နဲ့ ပဲ အချိန်ကုန်မခံပဲ စာဖတ်တာတို့ သင်တန်းတက်တာတို့၊ ဘာသာစကားလေ့လာတာတု့ိ ကိုလည်း ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်’’ ဟုပြောသည်။

မြန်မာ့လူမှုကွန်ရက် အပြုသဘော ဘယ်လိုမြှင့်တင်မလဲ ဆိုသည့် စကားဝိုင်းဆွေးနွေးပွဲတွင်ဦးဆောင်မေးမြန်းသူအဖြစ် 7Day TV ရဲ့ အစီအစဉ်တင်ဆက်သူ မဆွေမာသိန်းလွင်၊AYA Bank , Digital Banking ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးချစ်ထွန်းဖေ၊ RAkuten Viber ရဲ့ Business Development Manager ဦးနေရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အငြိမ်းစားညွှန်ကြားရေးမှုး ဒေါ်မော်မော်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့က ရဲမှူးကျော် သူဝင်းနှင့် Information Matrix ကုမ္ပဏီ၏ စီအီးအို ဦးသောင်းစုငြိမ်းတို့ ပါဝင်ဆွေးနွေးကြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ သန်း၂၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.