Social
မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အဝီစိစက်ရေတွင်းပေါင်း ၁ဝဝခန့် တူးဖော်ရန် လျာထား
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် အပူပိုင်းဇုန် ကျေးလက်ရေ ရရှိရေးစီမံကိန်းအပိုင်း (၂) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ကျေးလက်ဒေသ ရေရှိရေးအတွက် အဝီစိ စက်ရေတွင်းပေါင်း ၁ဝဝခန့် တူးဖော်ဆောင်ရွက်သွားရန် လျာထား လျက်ရှိကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အပူပိုင်းဇုန်ကျေးလက် ရေရရှိရေးစီမံကိန်းရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ညောင်ဦးမြို့နယ်အတွင်း အဝီစိစက်ရေတွင်း ပေါင်း ၂ဝ ခန့် တူးဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီးအဆိုပါ အဝီစိ စက်ရေတွင်းများ အနက် ညောင်ဦးမြို့နယ် ညောင်ပင် သာကျေးရွာတွင် ဒေသခံကျေးလက် နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်ရေးအတွက် ခြောက်လက်မ အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဝီစိစက်ရေတွင်းတူး ဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အစိုးရသတင်းဌာန တွင် ပါရှိသည်။ (Xinhua)