Connect with us

Social

အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗီယက်နမ်နိုင်ငံ အိမ်ခြံမြေအသင်းနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးမည်

ရန်ကုန်မြို့ ရှိတိုက်ခန်းများအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံ အိမ်ခြံမြေအသင်းနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအသင်းတို့ MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအသင်းမှ သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် သည် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ ဈေးကွက်ကောင်းခဲ့ပြီး ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှစ၍ ဈေးကွက်အေး လာခဲ့ကြောင်း၊ ယခုနှစ်တွင် အိမ်ခြံမြေ ဈေးကွက် အတန်အသင့် ပြန်လည် ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေရေးဆွဲရာတွင် အထောက်အကူ ပြုနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များသည် ဧပြီ ၂၆ ရက်က ဗီယက်နမ်နိုင်ငံသို့ လေ့လာ ရေးသွားရောက်ခဲ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.