Social
၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပအလုပ်နေရာ ၁၁,ဝဝဝ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၇,ဝဝဝ ကျော်အား ခန့်ထားနိုင်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပသို့တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၁၁,ဝဝဝ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၇,ဝဝဝ ကျော်အား ခန့်ထားနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂ဝ၁၇ ခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင် ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ ၁၈၇ ဦး၊ စကာၤပူနိုင်ငံသို့ ၉ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂၀၈ ဦး၊ ထိုင်းနိုင်ငံသို့ ၁၀,၆၁၁ ဦး၊ ဂျပန်နိုင်ငံသို့ ၂၀၉ ဦး၊ ယူအေအီးနိုင်ငံသို့ ၁၆ ဦး၊ ကာတာနိုင်ငံသို့ ၁ဦး စုစုပေါင်း ပြည်ပအလုပ်အကိုင်ပေါင်း ၁၁,၂၄၁ ဦး ရရှိခဲ့ကြောင်း သိရသည်။
ပြည်တွင်းအလုပ်အကိုင်အနေဖြင့် အစိုးရဌာနတွင် ၁၁၇၈ ဦး၊ ပုဂ္ဂလိကကဏ္ဍတွင် ၁၆,၁၁၁ ဦး စုစုပေါင်း ၁၇,၂၈၉ ဦး အလုပ်အကိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)