Connect with us

Social

ဦးနုဒေါ်မြရင်ဖောင်ဒေးရှင်းမှ ခြေတုများ စတင်တပ်ဆင်ပေး

ခြေတုတပ်ဆင်ထားသည့်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဦးနု ဒေါ်မြရီ ဖောင်ဒေးရှင်းမှ Bhagwan Mahaveer Viklang Sahayata Samaiti (BMVSS) ၊ Jaipur , အိန္ဒိယ နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိ မသန်စွမ်းများကို ခြေတုတပ်ဆင်ပေးရေးအတွက် လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအား စတင်ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်၍လည်းဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ဦးနု ဒေါ်မြရီဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက “ဒီဖောင်ဒေးရှင်းကို လုပ်ဆောင်ဖြစ်ရတာက ကျွန်မဖေဖေ နဲ့ မေမေ တို့ကလည်း လူမှုအကျိုးပြုကိစ္စတွေကို ဆောင်ရွက်ပေးခဲ့တယ်။ မိဘကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီဖောင်ဒေးရှင်းလေးကိုလုပ်ဖြစ်တာပါ။လူမျိုးဘာသာမရွေး ခွဲခြားမှုမရှိပဲ ကူညီပေးသွားမှာပါ။ ဒီဖောင်ဒေးရှင်းလေးကို ကျွန်မရဲ့ ကိုယ်ပိုင်ငွေ သိန်း၁၀၀ နဲ့ စတင်မတည်ခဲ့တာပါ’’ ဟုပြောသည်။

ခြေတုများ ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး စုစုပေါင်း ၁၁ ဦးကို တပ်ဆင်ပေးခဲ့ကြောင်း ဆက်လက်၍ ခြေတုများအား တပ်ဆင်ပေးသွားရန်ရှိကြောင်း သိရသည်။

ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါ်ရင်ညွန့်က “မနေ့ကစပြီးတော့ ခြေတု တွေကို တပ်ဖြစ်တယ်။ ဒီနေ့ကနေစပြီးတော့ မတ်လ ၇ ရက်နေ့ အတွင်းတစ်နေ့ကို ၁၅ ယောက် နှုန်းနဲ့ အယောက်၃၀၀ ကို ခြေတုတပ်ပေးသွားမှာ။ နောက်ထပ်လည်းထပ်ပြီး တပ်ဆင်သွားဖို့ရှိပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

ခြေတုတပ်ဆင်ထားသူတစ်ဦးမှ လမ်းလျှောက်ပြစဉ် (ဆင်ဟွာ)

ခြေတုတပ်ဆင်ထားသူများ နှင့်အတူ ဒေါ်သန်းသန်းနုအားတွေ့ရစဉ် (ဆင်ဟွာ)

အခမဲ့ခြေတုတပ်ဆင်ခြင်းဖွင့်ပွဲအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

Bhagwan Mahaveer Viklang Sahayata Samaiti (BMVSS) ၊ Jaipur , အိန္ဒိယ သည် မသန်စွမ်းသူများအား လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ခြေတုများ၊ ခြေထောက်မသန်သူများအတွက် ဘေးဒေါက်များ၊ အခြားအထောက်အကူပြုပေးသည့် ကိရိယာတန်ဆာပလာများကို ထောက်ပံ့ပေးခြင်း နှင့် အခမဲ့တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းအဖွဲ့မှ နာယက ဒေါက်တာMehta (မတ်ထာ) ကပြောကြားခဲ့သည်။

ခြေတုတပ်ဆင်ထားသော လူတစ်ယောက်ကို အထောက်အကူမပါဘဲ ပုံမှန်လမ်းလျှောက်နိုင်ရန်၊ ပြေးရန်၊ စက်ဘီးစီးရန် နှင့် သစ်ပင်တက်ရန်တို့အတွက် အသုံးပြုနိုင်ရန် စီစဉ်ထားသည့် ခြေတုများဖြစ်ကြောင်း သိရသည်။

ခြေတု များကို ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၆ ရပ်ကွက် ၊ ပဋိကတ်သုံးပုံ ၊နိကာယ်စာသင်တိုက် တွင် တပ်ဆင်ပေးလျက်ရှိပြီး ခြေတု တပ်ဆင်လိုသည့် သူများသည် ဒေါ်ရင်ညွန့် ဖုန်း-၀၉-၇၉၈၁၅၇၉၆၂ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရသည်။

BMVSS အဖွဲ့သည် မသန်စွမ်းသူပေါင်း ၁.၅၅ သန်းကျော်အား ခြေတုလက်တုများ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.