Connect with us

Social

ချစ်သူများနေ့တွင် အမှတ်တရလက်ဆောင်များပေးရင်း ချစ်သူများဆင်နွှဲ

ချစ်သူများကျွန်းတွင် အရုပ်ကြီးပေးသည့် စုံတွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ကန်တော်ကြီးထဲရှိ ချစ်သူများကျွန်းတွင် လူတစ်ရပ်စာခန့် ရှိသည့် အရုပ်အကြီးကြီး ကို ကောင်လေး သုံးယောက်ထဲကတစ်ယောက်က ထိုအရုပ်ကြီးကို ဆွဲလာခဲ့သည်။

ပြောက်ကျားအကွက်ကလေး အပေါ်တွင် ဂျာကင်အဝါ ထပ်ပြီးဝတ်ဆင်ထားသည့်ကောင်လေးက သူငယ်ချင်း သုံးယောက် နှင့် အတူ လာခဲ့ခြင်းဖြစ်ပြီး ပြောက်ကျားကွက် အကျီ ၤ လေးဝတ်ဆင်ထားသည့် ကောင်မလေးအား ပေးခဲ့ခြင်းဖြစ်သည်။

လူတစ်ရပ်ခန့်ရှိသည့် အရုပ်ကြီး ကိုရသည့်အတွက် အံ့သြပျော်ရွှင်နေသည့် မှော်ဘီမြို့နယ်တွင် နေသည့် မမွှေးမွှေးက “သမီးသူ့ကို မနေ့က ဘာပေးမလဲလို့ မေးသေးတယ်။ ဘာမှမဝယ်ရသေးဘူး မပေးဘူးလို့ပြောတာ။ ဒီနေ့ မှ သူ့အရုပ်ကြီးပေးတာ အံ့သြသွားတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ကိုဟန်ဇာ က၎င်း ၏ ကောင်မလေး အား၎င်းအရုပ်ကြီးအားပေးရန် မုန့်ဖိုးကို စု၍ ဝယ်ထားရကြောင်း၊ ကြိုတင်ပြင်ဆင်ထားရကြောင်း ဆိုသည်။

ထိုကဲ့သို့ပင် ယနေ့သည် နိုင်ငံတကာတွင် ချစ်သူများနေ့အဖြစ် ချစ်သူစုံတွဲတိုင်း ကြည်နူးစွာကျင်းပကြသည့် နေ့တစ်နေ့ဖြစ်ပြီး၊ ချစ်သူကောင်လေး၊ ကောင်မလေးများမှ ၎င်းတို့၏ ချစ်သူများအားကြည်နူးဖွယ် အမှတ်တရ လက်ဆောင်များ ပြင်ဆင်ပေးကြသည့်နေ့တစ်နေ့ဖြစ်သည်။

ရန်ကုန်မြို့တွင် ယနေ့နံနက်အစောပိုင်းလောက်မှ စတင်၍ ဒီဇိုင်းဆင်တူ၊ အရောင်အသွေးဆင်တူ နှင့် ချစ်သူစုံတွဲလေးများ သွားလာလျက်ရှိသည်။ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အထူးအစီအစဉ်များ ၊ အပြင်အဆင်များကိုလည်း ပြုလုပ်လျက်ရှိသည်။

တိရစ္ဆာန်ဥယျာဉ်တွင် ချစ်သူအားကိုယ်တိုင်လုပ်ထားသည့် Image box လေးပေးသည့်စုံတွဲအားတွေ့ရစဉ် (ဆင်ဟွာ)

တိရစ္ဆာန်ဥယျာဉ်တွင် အသဲပုံ ဘောလုံးလေးကိုင်ထားသည့် စုံတွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ကန်တော်ကြီး တွင် ဆင်တူအကျီ ၤဝတ်ဆင်ထားသည့် ချစ်သူစုံတွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူစုံတွဲများအား ကန်တော်ကြီးထဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ယနေ့ကျရောက်သည့် Valentine’s Day တွင် MECTel CDMA 800 MHz ဖုန်းအတွင်းငွေဖြည့်ထည့် ခြင်းအတွက် Bonus(ဘောနပ်စ်) များပေးနေကြောင်းကြော်ငြာသလို၊ အိမ်ခြံမြေဝက်ဆိုက်တစ်ခုဖြစ်သည့် Hose.com.mm ကလည်း ဖေ့ဘွတ်တွင် ချစ်သူများနေ့အတွက် comment ပေးရုံ ၊ ၎င်းတို့၏စာမျက်မှာအား Like လုပ်ရုံဖြင့် ကံစမ်းနိုင်မည့် အစီအစဉ်များအား ဆောင်ရွက်သလို၊ V Day ရဲ့ အချစ်ပြိုင်ပွဲ ဆိုသည့် အစီအစဉ်များကိုပြိုင်ပွဲများလုပ်၍ ဆောင်ရွက်လျက်ရှိသည်။

အောင်သမာဓိရွှေဆိုင်ပိုင်ရှင်မှ တာဝန်ရှိသူတစ်ဦးက “Valentine အထူးထုတ်ကုန်ဖြစ်တဲ့ ရွှေပန်းစည်းတွေကို ၅ ရာခိုင်နှုန်းလျှော့ဈေး နဲ့ရောင်းပေးပါတယ်။ ခါတိုင်းနေ့ထက် ပိုရောင်းရပါတယ်။ ပန်းစည်းတစ်စည်းကို ပန်း ၃ပွင့်ကနေ ၉ ပွင့်အထိ ရှိပါတယ်။ ပလပ်စတစ်ပေါ်မှာ ရွှေဆိုင်းလေးတွေကပ်ထားတဲ့ ပန်းစည်းပါ။’’ ဟုဆင်ဟွာကိုပြောသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်လည်း ချစ်သူစုံတွဲများအား ကံစမ်းမဲ နှိုက်ခိုင်းသည့် အစီအစဉ်အား ချစ်သူများနေ့ အထူးအစီအစဉ်အနေဖြင့် ကျင်းပလျက်ရှိသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ မအေးချစ်စံက “ချစ်သူူူစုံတွဲတွေကို မနက်ကစပြီး မဲဖောက်ပေးပါတယ်။ပစ္စည်းက အစုံပါ။ အရုပ်၊ ပန်းစည်း၊ချောကလက်၊ စုံတွဲနာရီ၊ ဓာတ်ပုံစာအုပ် အစုံပါပါတယ်။ မဲကတော့ ဗလာမပါ ကံစမ်းမဲ မဟုတ်ဘူးရှင့် ဗလာပါတယ်။ စုံတွဲတွေ ပျော်ရအောင်လုပ်ပေးဖြစ်တာပါ’’ ဟုပြောသည်။

ခေတ်များ ပြောင်းလဲလာသည့် နှင့် အမျှ ချစ်သူများနေ့ရောက်လျှင် မြန်မာနိုင်ငံတွင်လည်း ချစ်သူစုံတွဲများမှ ပျော်ရွှင်စွာ အမှတ်တရလက်ဆောင်ပေးခြင်း၊ ပန်းစည်းများပေးခြင်း၊ ဆင်တူအကျီ ၤများဝတ်၍ လျှောက်လည်ခြင်းများ ပြုလုပ်လာကြသည်။ အချို့စုံတွဲများသည် အထူးတလည်ဖြင့် စိတ်ဝင်စားဖွယ်လက်ဆောင်များအား ကြိုတင်စီစဉ်၍ ချစ်သူအား ပေးလာကြကြောင်း သိရသည်။

ယနေ့ခေတ်အခါ တွင် နားလည်ထားကြသည့် St.Valentine day ဆိုတာသည် ရှေးခေတ်ရောမ ရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးမြတ်ထားသော နေထူးနေ့မြတ် တစ်ခုဖြစ် ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီး Gelasius ကအေဒီ ၄၉၈ ခုနှစ်တွင် St.Valentine Day အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုမှစ၍ ခေတ်ကာလပြောင်းလဲလာရာမှ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine`s Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ကြောင်း ပါးစပ်ရာဇဝင်များ အရသိရသည်။

အချို့က ချစ်သူများနေ့ အတွက် လက်ဆောင်ပစ္စည်းများကို ဝယ်ပေးတာရှိသလို တချို့စုံတွဲများသည့် ချစ်သူ အံ့အားသင့်စေရန် လက်ဆောင်ပစ္စည်းအား ကိုယ်တိုင်ပြုလုပ်၍ ပေးကြသည်လည်းရှိသည်။

တောင်ဥက္ကလာတွင် နေထိုင်သည့် မမေသြင်္ကန်ကိုကိုက “ကျွန်မသူ့ကို Image box လေး ပေးဖြစ်တယ်။ ကျွန်မကိုယ်တိုင် တစ်ပတ်လောက်ကြိုးစားပြီးလုပ်ထားတာ။ အသဲပုံလေးတွေ ၊ နှစ်ယောက်တွဲ ဓာတ်ပုံလေးတွေ ၊I Love You ဆိုတဲ့ စာတန်းလေး တွေ နဲ့ သေတ္တာလေးကို သေချာအလှဆင်ထားတာပါ’’ ဟုပြောသည်။

ထိုလက်ဆောင်ရသည့် အတွက် အရမ်းအံ့သြသွားကြောင်း မမေသြင်္ကန်ကိုကို ၏ချစ်သူ မောင်ကောင်းဇော်သန့်က ဆိုသည်။

အများစုသည် ချစ်သူများနေ့တွင် အရုပ်၊ ပန်းစည်း၊ ချောကလက် စသည့်အရာများကို ၎င်းတို့၏ ချစ်သူအား အများဆုံးပေးကြသည်။

Love Melody မှ ဦးသန့်ဇင်က “ ဒီနှစ်ဗယ်လင်တိုင်းမှာဆိုရင် Best girlfriend award၊ Best boy friend award ဆိုတဲ့ ဖန်တုံးလေးတွေကို အပေးများတယ်။ သူတို့ချစ်သူနာမည် ထိုးထားတဲ့ မယ်မိုရီစတစ်လေးတွေ ၊ 925 မှာ ချစ်သူနာမည် စာထွင်းထားတဲ့ လက်စွပ်လေးတွေပေးကြတယ်’’ ဟုဆင်ဟွာကိုပြောသည်။

အသဲပုံမိုးပျံပူပေါင်းများ သာမန်နေ့ထက် ၃ဆခန့်ပိုရောင်းရကြောင်း တိရစ္ဆာန်ဥယျာဉ်တွင် မိုးပျံပူပေါင်းရောင်းသည့် ကိုဌေးမြင့်ကပြောသည်။

ညဘက်တွင် ချစ်သူများနေ့ အထိမ်းအမှတ် စတိတ်ရှိုးပွဲများ သွားရောက်ကြည့်ရှုကြမည့် စုံတွဲများလည်း ရှိကြောင်း သိရသည်။ ချစ်သူများနေ့တွင် မင်္ဂလာဆောင်သည့် စုံတွဲများ၊ လက်မှတ်ရေးထိုးသည့် စုံတွဲများလည်း ရှိကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.