Connect with us

Social

မြိတ်ကျွန်းစုဒေသကို Marine Tourism ဒေသအဖြစ် ဆောင်ရွက်လျက်ရှိ

Myanmar International Travel Mart 2017 တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ပြောကြားစဉ် (ဓာတ်ပုံ--ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတောင်ပိုင်းရှိ မြိတ်ကျွန်းစုဒေသကို Marine Tourism ဒေသအဖြစ် အစိုးရအဖွဲ့အစည်းများ၊ NGO များ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က Myanmar International Travel Mart 2017 တွင် ပြောကြားခဲ့သည်။

မြိတ်ကျွန်းစုဒေသတွင် အချို့ ပြည်တွင်းအဖွဲ့အစည်းများနှင့် NGO များက နိုင်ငံခြားသား ခရီးသွားများအတွက် ဈေးနှုန်းချိုသာစွာ လည်ပတ်သွားလာနိုင်ရန် ဆောင်ရွက်နေကြကြောင်း၊ အမှန် မှာ ထိုသို့ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ခရီးသွားကဏ္ဍတွင် ကောင်းမွန်စွာ စတင်ဖွံ့ဖြိုးလာစပြုသည့် နိုင်ငံဖြစ်ပါကြောင်း၊ ထိုက်သင့်သော ဈေးနှုန်းရယူ၍ အရည်အသွေး ကောင်း ရန်နှင့် ဦးတည်ချက်မပျောက်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်သာ လိုပါကြောင်း၊ ခရီး သွားကုမ္ပဏီများမှလည်း ကိုယ်ကျိုးအတွက်သာမက အများအကျိုးအတွက်ပါ ဆောင်ရွက်ကြစေလို ကြောင်း၊ နယ်စွန်နယ်ဖျားရှိ ခရီးစဉ်များဖော်ထုတ်၍ ဒေသခံများ၏ လူနေမှုဘ၀ မြှင့်တင်အောင် လုပ် ပေးခြင်းဖြင့် လူနေမှုပုံစံကလည်း မြင့်တက်လာမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စဉ် ဆက်မပြတ် တိုးတက်စေရေးအတွက် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် လုံးဝလုပ်ဆောင်၍ မရပါကြောင်း ၊ ခရီးသွားလုပ်ငန်းရှင်များ ၊ ဟိုတယ် လုပ်ငန်းရှင်များ ပါဝင်ကူညီဖို့ လိုပါကြောင်း ၊ Outbound Tourism အတွက် ခရီးသွားကုမ္ပဏီ (၄၁၀) အား လိုင်စင်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း ၊ ၎င်းကုမ္ပဏီများမှလည်း ပြည်ပကုမ္ပဏီများအား သွားရောက် လေ့လာ၍ အားသာချက်များအား အတုယူဆောင်ရွက်ကြစေလို ကြောင်း ၊ နိဂုံးချုပ်အနေဖြင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဦးဆောင်သော ညီနောင်အသင်း အဖွဲ့များ ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆေင်ရွက် လျှက်ရှိရာ ကမ္ဘာ့အသိအမှတ်ပြုများလည်း ရရှိထားပါကြောင်း ၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာပြီး ကိုယ်ချင်းစာတရား ၊ မေတ္တာတရားတို့ဖြင့် လုပ်ဆောင်ကြရန် လိုကြောင်း ၊ စုပေါင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသွားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.