Connect with us

Social

စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်ထုတ်ပြန်

ဗီဇာကင်းလွတ်ခွင့်ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ဦးဇော်ဌေး FB)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

စင်ကာပူ လူဝင်မှုကြီးကြပ်ရေး က မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံသို့ ဗီဇာမပါပဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုကြောင်းကြေညာချက်တစ်စောင်ကို ယနေ့ (၂၄/၁၁/၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယင်းကြေညာချက်မှာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) မြန်မာနိုင်ငံသို့ ဇွန်လ ၇ မှ ၁၀ ရက်အထိ သွားရောက်လည်ပတ်စဉ် နိုင်ငံတော်အတိုင်ပင်ခံနှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သက်သေထား၍ စင်ကာပူ နှင့် မြန်မာတို့ သံတမန်နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးလဲလှယ်ချက်အရ ယခုဗီဇာကင်းလွတ်ခွင့်အားခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းကြေညာချက်ထဲတွင်ပါရှိသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား နှစ်သိန်းကျော် ဟာ စင်ကာပူ၌ နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.