Connect with us

Social

အလုပ်သမားများ အခွင့်အရေးအတွက် အလုပ်သမား ၂၇၀၀၀၀ ခန့်တို့နှင့် တွေ့ဆုံ ပညာပေးခဲ့ဟု ဆို

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ တစ်ခု၏ လုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အလုပ်သမားများ၏ အကျိုး စီးပွား နှင့် အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်အတွင်း အလုပ်သမား ၂၆၆၈၂၈ ဦးတို့အားတွေ့ဆုံ ဆွေးနွေး ပညာပေးခဲ့သည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်း ဆွေက နိုဝင်ဘာလ ၂၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အလုပ်သမားရေးရာ ကိစ္စရပ်များ အတွက် အသိပညာပေးမှုများကို စဉ်ဆက် မပြတ် ဆောင်ရွက်နေ ပါတယ်၊ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ညွှန်ကြားရေးမှူးချုပ်နဲ့စစ်ဆေးရေး အရာရှိ များက တိုင်း ဒေသကြီးများ နဲ့ပြည်နယ်များမှာ စက်ရုံ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာန၊ ကုမ္ပဏီများ စုစုပေါင်း ၇၁၈၀ ကို သွားရောက်ပြီး အလုပ်ရှင်တွေ၊ မန်နေဂျာတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ အလုပ်သမား စုစုပေါင်း ၂၆၆၈၂၈ ဦးတို့ကို တွေ့ဆုံပြီး အသိပညာပေးတာ၊ ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ကျောက်တန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ယခင်အပတ်က တင်သွင်း ခဲ့သည့် “အိမ်အကူ အလုပ်သမားများ အပါအဝင် အလုပ်သမားများ ခန့်ထားရာတွင် ပြဌာန်း ထားသည့် ဥပဒေ များနှင့်အညီ အလုပ်သမား မှတ်ပုံတင်ထားပြီးမှ ခန့်ထားရန်နှင့် အလုပ်ရှင်က အဓမ္မ ခိုင်းစေခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းကဲ့သို့ဥပဒေမဲ့ လုပ်ရပ်များ မလုပ်နိုင်ရန် ကာကွယ်တားဆီးပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးအပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ သဘောထားကို ပြောကြားရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ထည့်သွင်း ဖြေကြား ခြ့ဲခင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.