Connect with us

Social

စိမ်းလန်းရောင်စုံ မြို့ရန်ကုန် ခေါင်းစဉ်ဖြင့် ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ကန်တော်ကြီး သဘာ၀ ဥယျာဉ်၌ ကျင်းပ


ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

စိမ်းလန်းရောင်စုံ မြို့ရန်ကုန် ခေါင်းစဉ်ဖြင့် ၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ရန်ကုန်မြို့ကန်တော်ကြီး သဘာ၀ ဥယျာဉ် အတွင်းရှိ မဟာမြိုင်ကျွန်း၌ ယနေ့ဇန်နဝါရီ ၁၈ ရက်တွင် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စတင် ဖွင့်လှစ် ပြသခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပန်းမန်ပြပွဲ ၊ ပြိုင်ပွဲအား လာမည့်နှစ်တွင်လည်း ယခုထက် ပိုပြီး တိုးတက် အောင် အားပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား အဖြစ် ရာသီပန်း ၊ သက်ကြီးပုပင်(Bonsai) ၊ ပန်းအလှပြင်ဆင်ခြင်း ၊ နှင်းဆီပင် အမျိုးမျိုး ၊ မြေယာ ရှုခင်း ၊ ပြည်ပ သစ်ခွ (ကတ်တလီယာ) ၊ ပြည်ပ သစ်ခွ(ဗန်ဒါ) ၊ ပြည်ပ သစ်ခွ (ဒန်ဒိုဗီယမ်) ၊ သစ်ခွ အခြားအုပ်စု ၊ ပြည်တွင်း သစ်ခွ ၊ အရွက်လှ(အိမ်တွင်း) ၊ အရွက်လှ(အိမ်ပြင်) ၊ အပွင့်လှ(အိမ်ပြင်) တို့ဖြင့် ၁၃ မျိုး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပန်းမန် ပြပွဲတွင် ပညာပေး ပြခန်း ၁၈ ခန်း နှင့် ပန်းမန် အရောင်း ဆိုင်ခန်း ၅၁ ခန်း ပါဝင်ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်း ဥက္ကဋ္ဌ ဒေါက်တာ စောလွင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

၁၈ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြီးမှူး၍ ဇန်နဝါရီ ၁၈ ရက်မှ ၂၃ ရက် အထိ ၆ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျင်းပရခြင်းသည် မြို့တော် စိမ်းလန်းစိုပြေ သာယာ လှပရေး လုပ်ငန်းများတွင် ပြည်သူလူထု စိတ်ပါ ဝင်စား လာစေရေး ၊ တစ်ဦးတစ်ယောက် ၊ တစ်ဖွဲ့ချင်း စိမ်းလန်း စိုပြေရေး ဆောင်ရွက်ခြင်းမှ ရန်ကုန် မြို့တော်အား ဥယျာဉ် မြို့တော် အဖြစ် တည်ဆောက်နိုင်စေရေး ၊ အဆင့်မြင့် စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေး နိုင်စေရေး ၊ မျိုးကောင်းမျိုးသန့်များ ပြန့်ပွား မျှဝေနိုင်စေရေး နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထုတ်လုပ်ခြင်းမှသည် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် မိသားစု စီးပွားရေး ၊ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များ ထားရှိပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ပန်းမန် ပြပွဲ ၊ ပြိုင်ပွဲများအား ရန်ကုန်မြို့၌ ၁၉၉၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ ၁၆ နှစ် ဆက်တိုက် ကျင်းပခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၁၇ ကြိမ်မြောက် အဖြစ် ပြန်လည် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ၁၈ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.