Connect with us

Social

ကချင် ပြည်နယ် အထိမ်းအမှတ် ကျောက်စိမ်း ရတနာအား ပြည်သူများ လေ့လာ သိရှိနိုင်ရန် မြစ်ကြီးနား လေဆိပ် အဆောက်အဦ ရှေ့၌ စိုက်ထူထား

မြစ်ကြီးနားမြို့ လေဆိပ် အဆောက်အဦရှေ့၌ စိုက်ထူထားသည့် ကျောက်စိမ်းတုံးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြု အထိမ်းအမှတ် အဖြစ် ပြည်နယ် အထိမ်းအမှတ် ကျောက်စိမ်းရတနာကို ပြည်သူများ လေ့လာ သိရှိနိုင်ရန် မြစ်ကြီးနားမြို့ လေဆိပ် အဆောက်အဦရှေ့၌ စိုက်ထူ ထားရှိမှုအား ဇန်နဝါရီ ၁၆ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုကဲ့သို့ စိုက်ထူရသည့် ရည်ရွယ်ချက်မှာ ကချင်ပြည်နယ်သည် ကျောက်စိမ်း ထွက်ရှိသည့် ပြည်နယ် ဖြစ်သည့် အတွက် ပြည်နယ် အထိမ်းအမှတ် ကျောက်စိမ်းကို ပြည်သူများ လေ့လာ သိရှိနိုင်ရန် အများပြည်သူ ဝင်ထွက် သွားလာရာ လေဆိပ်တွင် ထားရှိ စိုက်ထူခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က မြန်မာ့ကျောက်စိမ်းရတနာ စိုက်ထူပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာ့ကျောက်စိမ်းရတနာအား လေဆိပ်၌ စိုက်ထူ ထားရှိသည့် အတွက် ပြည်တွင်းခရီးသွားများအပြင် ပြည်ပ ခရီးသွား များလည်း မြန်မာ့ကျောက်စိမ်းရတနာကို လေ့လာသိရှိနိုင်ကြမည် ဖြစ်ကြောင်း ၊ ထိုသို့ လေ့လာ သိရှိ ခဲ့သည့်အတွက် ကျောက်စိမ်း နှင့်အတူ မိမိတို့၏ ပြည်နယ်ကိုလည်း တွဲဖက်အမှတ်ရ နေကြမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြစ်ကြီးနားမြို့ လေဆိပ် အဆောက်အဦရှေ့၌ စိုက်ထူထားသည့် ကျောက်စိမ်းတုံးမှာ တန်ချိန် ၆ ဒသမ ၃၇ တန်၊ အမြင့် ၈ ပေနှင့် အကျယ် ၄ ပေ ရှိကြောင်း သိရသည်။

ပြည်နယ် အထိမ်းအမှတ် ကျောက်စိမ်းကို အများပြည်သူများ တန်ဖိုးထားသိရှိနိုင်ရန် နှင့် လေ့လာနိုင်ရန် ရည်ရွယ်၍ အခြားနေရာများတွင် ထပ်မံ စိုက်ထူသွားမည့် အစီအစဉ်လည်း ရှိကြောင်း သိရသည်။

“ကိုယ့်နိုင်ငံက ကိုယ်ပိုင်တဲ့ ရတနာကို အများပြည်သူကို သိစေချင်တယ်၊ လေ့လာစေချင်ပါတယ်။ ကျောက်စိမ်း ဆိုတာ မြန်မာ့ ရတနာဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် ကိုယ့်တွင်းကထွက်တဲ့ ကျောက်စိမ်းကို လှူဒါန်း တာ ဖြစ်ပါတယ်။”ဟု ကျောက်စိမ်း အလှူရှင် ဒေါက်တာ ဘန်လွန်ဒူဝါဘွမ်ယန်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုအထိမ်းအမှတ် မြန်မာ့ကျောက်စိမ်းရတနာကို လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွှန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးHလအောင်၊ စည်ပင် သာယာရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးနေဝင်း နှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်၍ လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် အလှူရှင် ဒေါက်တာ ဘွမ်ယန်တို့က စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးခဲ့သည်။(Xinhua)