Connect with us

Social

ညောင်ချောင်းသာ အပန်းဖြေစခန်း ဇန်နဝါရီ ဒုတိယပတ်တွင် တရားဝင်စတင်ဖွင့်လှစ်မည်ဟုဆို

လက်ရှိအချိန်တွင် တွေ့မြင်ရသည့် ညောင်ချောင်းသာပုံ (ဓါတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာ အပန်းဖြေ စခန်းကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှစ၍ တရားဝင် စတင်ဖွင့်လှစ်ကာ အပန်းဖြေမည့် ဧည့်သည်များ ဝင်ရောက်မှုကို လက်ခံတော့မည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ညောင်ချောင်းသာ အပန်းဖြေ စခန်းမှာ လိုအပ်တဲ့ ကဏ္ဍတွေအားလုံး လုပ်ဆောင် ပြီးစီးမည့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်လောက်မှာ တရားဝင် ဖွင့်လှစ်ပြီးတော့ ဧည့်သည်တွေကို စတင် လက်ခံသွား မည်ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူက ဆိုသည်။

ညောင်ချောင်းသာ အပန်းဖြေစခန်း ၌ လေလံ အောင်မြင်ထားသည့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးမှ သဲသောင်ပြင် ဖြတ်ကူး တံတား တည်ဆောက်မှု၊ ရေပေါ်ဆိုင်ခန်း တည်ဆောက်မှုနှင့် တခြား ဝန်ဆောင်မှု လုပ်ငန်းများကို ပြင်ဆင် တည်ဆောက်မှုများ ပြုလုပ်နေရာ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

ညောင်ချောင်းသာ အပန်းဖြေစခန်းကို ၂ဝ၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှစ၍ တစ်နှစ်ထက်တစ်နှစ် လာရောက် လည်ပတ်သူ ပိုမိုများပြားလာပြီး ယခုနှစ်တွင်လည်း အများအပြား လာရောက်မည်ဟု ခန့်မှန်းထားသည့်အပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များပါ လာရောက် လည်ပတ်မည်ဟု ခန့်မှန်းထားကြောင်း၊ ညောင်ချောင်းသာ အပန်းဖြေ စခန်းသည် ရေလွှမ်းသည့် နေရာတွင် တည်ရှိသောကြောင့် တစ်နှစ်လျှင် ပွင့်လင်းရာသီ တစ်ရာသီသာ ဖွင့်လှစ်နိုင်သည့် အပန်းဖြေစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.