Connect with us

Social

ဘဝလုံခြုံမှု ရှိရေးနဲ့ စွမ်းရည် မြင့်မားရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၈ ရက် (ဆင်ဟွာ)

ခေတ်သစ်မြန်မာ့သမိုင်းတွင် တက်ကြွစွာ ပါဝင် ကြိုးပမ်းခဲ့သော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု ကို အတုယူကာ မိမိတို့ ဘဝလုံခြုံမှု ရှိရေးနှင့် စွမ်းရည် မြင့်မားရေးကို ဦးတည်ကြိုးပမ်း အားထုတ်ကြ ရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား တွင် ပြောကြားခဲ့သည်။

“ခေတ်သစ် မြန်မာ့ သမိုင်းမှာ မြန်မာ အမျိုးသမီးတွေဟာ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး လွတ်လပ် ရေး ကြိုးပမ်းမှု အပါအဝင် နိုင်ငံရေး နယ်ပယ်အတွင်းမှာ တက်ကြွစွာပါဝင် စွမ်းဆောင်ခဲ့တယ်၊ အခု ဆိုရင် အမျိုးသမီးတွေဟာ စီးပွားရေး၊ လူမှုရေး၊ စသည့် ကဏ္ဍစုံမှာ ပိုပြီး ပါဝင်လာတာကို ဝမ်းမြောက် ဖွယ် တွေ့မြင်နေရပါတယ်၊ခေတ်အဆက်ဆက်က စွမ်းရည် ထက်မြက်ကြတဲ့ မြန်မာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အတုယူပြီး မျိုးဆက်သစ် မြန်မာ အမျိုးသမီးတွေအနေနဲ့ဘဝလုံခြုံမှု ရှိရေးနဲ့ စွမ်းရည် မြင့်မားရေးကို ဦးတည် ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်” ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

နိုင်ငံတော် အစိုးရသည် တစ်နိုင်ငံလုံးရှိ အမျိုးသမီးများ၏ ဘ၀ ဖွံ့ဖြိုး တိုးတက်စေဖို့ ကျေးလက် ဒေသများပါ မကျန် လွှမ်းခြုံ ဆောင်ရွက်နိုင်ဖို့ အင်တိုက် အားတိုက် ကြိုးစားလျက်ရှိကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများ ပိုမို ရရှိလာခြင်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေး စံချိန်၊ စံနှုန်းများ မြင့်မားလာမှာ ဖြစ်သလို အမျိုးသမီးထု၏ စွမ်းပကားကို ပိုမို အသုံးချနိုင်လာသဖြင့် စီးပွား ဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူ ဖြစ်စေကြောင်း၊ အမျိုးသမီးများ အနေဖြင့် ကိုယ့် အခွင့် အရေးကို သိရှိသလို မိမိတို့ရဲ့ တာဝန်များကိုလည်း ကျေပွန်ဖို့လိုအပ်ကြောင်း၊ အခွင့် အရေးသာ တောင်းခံပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကို အထူးသတိထား ရှောင်ရှားရမှာ ဖြစ် ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ထို့အပြင် နိုင်ငံတော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်ဖြန့်ချိခဲ့သည့် လူမှု ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ မဟာဗျူဟာ စီမံကိန်း၏ Flagship ရှစ်ခုထဲမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသည့် အသက် နှစ်နှစ်အောက် ကကလေး သူငယ်များအား ငွေကြေး ထောက်ပံ့ရေး အစီအစဉ်ကို ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ထောက်ပံ့ဖို့ လိုအပ်နေသော ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂဒေသတို့တွင် စတင် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နှစ်နှစ်အောက် ကလေးများ အာဟာရပြည့်မှသာ သူတို့၏ ဉာဏ်ရည်က တစ်သက်လုံး ပြည့်ဝမှာ ဖြစ်ကြောင်း၊ ကလေးငယ်များ တစ်သက်တာလုံး ဉာဏ်ရည် ကောင်းရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မိခင်များအနေဖြင့် ကိုယ့်သားသမီးများကို ၎င်းတို့ ငယ်စဉ်ကတည်းက မှန်ကန် မြင့်မြတ်သော စိတ်ဓာတ်များ ထည့်သွင်းပေးဖို့ လိုပါကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့သည်။

“အမျိုးသမီးများ ဘ၀ မြှင့်တင်ဖို့ ကျေးလက်နှင့်မြို့ပြ တက်ကြွ လှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင် ကြိုးပမ်းကြပါစို့” ဟူသည့် ကုလ သမဂ္ဂ၏ ယခုနှစ် ဆောင်ပုဒ်ဖြင့် နေပြည်တော် MICC II တွင် ယနေ့ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော် သမ္မတ၏ ဇနီး ဒေါ် စုစုလွင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ နိုင်ငံတကာမှ သံတမန်များ၊ အမျိုးသမီး ရောရာ ကော်မတီဝင်များ၊ အမျိုးသမီး အရေး တက်ကြွ လှုပ်ရှား အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနား အပြီးတွင် အမျိုးသမီးရေးရာ လှုပ်ရှားမှု ပြခန်းများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.